ငါးနှစ်အောက်ကလေးများကို ထိုးနှံနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေး အသစ် ဖေဖေါ်ဝါရီလကုန်ပိုင်းလောက်ရနိုင်မယ်လို့ Pfizer-BioNTech ကုမ္ပဏီက သတင်းထုတ်ပြန်

နယူးယော့ခ်၊ ဖေဖေါ်ဝါရီ ၁

 အသက်ခြောက်လကနေ ငါးနှစ်အရွယ်ရှိကလေးတွေ အတွက် ထိုးနှံနိုင်မယ့် နှစ်ကြိမ်ထိုး ကာကွယ်ဆေး အသစ်ဟာ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ အာဏာပိုင်တွေဆီကနေ ခွင့်ပြု့ချက်ရနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါပြီ။

ကိုဗစ်ကာကွယ်ဆေး ပူးတွဲထုတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီPfizer နဲ ့ဂျာမန်ကုမ္ပဏီ BioNTech တို့က ကလေးတွေအတွက် ထိုးနှံနိုင်တဲ့ကာကွယ်ဆေးကို အမေရိကန်အစိုးရ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ မှုဌာန FDA ကို ဖေဖေါ်ဝါရီ ၁ရက်နေ့အစောပိုင်းမှာ ခွင့်ပြု့ချက် တင်ပြတောင်းခံတော့မှာဖြစ်ပါတယ်။

FDA ကလည်း ကုမ္ပဏီတွေဆီက  နှစ်ကြိမ်ထိုးကာကွယ်ဆေးတွေရဲ့အချက်အလက်တွေ  တင်ပြဖို့ တိုက်တွန်းတောင်းခံနေကြောင်းလည်း အမည်မဖေါ်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ဖော်ပြပါတယ်။ အဓိကက တတိယအကြိမ်ထိုးမယ့် သုံးချောင်းမြောက် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ သုတေသနတွေ့ရှိချက်တွေ ဖြစ်ပါတယ်။

“ ဆေးနှစ်ချောင်းထိုးရုံနဲ့ မလုံလောက်ဘူးဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့်လည်း သုံးချောင်းမြောက်ရဲ့ အချက်အလက်တွေ က မပြည့်စုံသေးတော့၊ ဘာကိုမှလည်း တိတိကျကျ ပြေရခက်တယ်” လို ့ ကလေးတွေအတွက် တတိယမြောက် ဆေးထိုးမယ့်ကိတ်စနဲ ့ပတ်သက်လို့ ပြည်သူတစ်ဦးက ပြောတာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

The Washington Post

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *