တိုကျို၊ ဩဂုတ် ၁၄
ဂျပန်နိုင်ငံရဲ့ မကြုံစဖူး ငလျင်ဆိုင်ရာ အကြံပေးချက်ကြောင့် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ ခရီးစဉ်မျိုးစုံ ဖျက်သိမ်းလိုက်ရသလို ဟိုတယ်ထောင်ပေါင်းများစွာက ဘွတ်ကင်တွေကိုပါ ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
အခု အဖြစ်အပျက်က ဂျပန်နိုင်ငံရဲ့ အစည်ကားဆုံးရာသီတစ်ခုမှာ ပေါ်လာခဲ့တာမို့ စီးပွားရေးလုပ်ငန်းတွေကို အကြပ်ရိုက်စေတယ်လို့ ဟိုတယ်လုပ်ငန်းရှင်များက အင်္ဂါနေ့ (သြဂုတ် ၁၃ ရက်) က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ရက် ကြာသပတေးနေ့က နိုင်ငံတောင်ဘက်မှာ ရစ်ခ်ျတာစကေး ၇ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၁၅ယောက် ဒဏ်ရာရခဲ့တယ်လို့ မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ် ၁၃ရက် အကြံပေးထုတ်ပြန်ချက်ဟာ ကြီးမားတဲ့ တုန်လှုပ်မှု ဖြစ်လာတော့မယ်လို့ မဆိုလိုပေမယ့်လည်း ဖြစ်နိုင်ခြေ မြင့်မားနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သတိပေးချက်ဟာ တိုကျိုမြို့အနောက်ဘက်ရှိ ရှိဇောက်ခ ကနေ ကျူရှူး ကျွန်းတောင်ဘက်စွန်းအထိ ကီလိုမီတာ ၈၀၀ အကွာက ပင်လယ်ရေအောက်ဇုန်ကို ရည်ညွှန်းတာ လို့ သိရပါတယ်။
သြဂုတ် ၉ ရက်ကနေ သြဂုတ် ၁၈ ရက်အထိ ကာလအတွင်း ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာဟာ ဝင်ငွေ ယန်းသန်း ၁၄၀ (အမေရိကန်ဒေါ်လာ ၉၄၈,၀၀၀) ဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအဖွဲက အေအက်ဖ်ပီကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref: AFP
ပုံစာ။ ၂၀၂၄ ဩဂုတ် ၉ရက်နေ့က အိုဆကိမြို့မှာ ငလျင်လှုပ်ခတ်အပြီး တွေ့ရပုံ
Feature Image Credit: RNZ



