ဂျပန်နိုင်ငံ၊အီရှီကာဝါပြည်နယ်၊ Nanao မြို့တွင် ဇန်န ဝါရီ လ၂၀ရက်က ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်သူ များအတွက် ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးစိုးဟန်က Nanaoမြို့တော်ဝန်Mr. Yoshitaka Chataniဆီကို ဂျပန်နိုင်ငံရောက် မြန်မာကုမ္ပဏီများနဲ့မြန်မာနိုင်ငံသားစေတနာ ရှင်များ စုပေါင်းလှူဒါန်းခဲ့တဲ့ ယန်း၁.၉၈ သန်းကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက သိရပါတယ်။

ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်မှာ ၁-၁-၂၀၂၄ ရက်နေ့က ပြင်းအား ၇.၅ ရှိတဲ့ အင်အားကြီးငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၂၃၂ ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားလည်း ငလျင်ဒဏ်ကို အပြင်း အထန်ခံစားခဲ့ရပြီး အဆိုပါဒေသမှာ နေထိုင်နေကြတဲ့ မြန် မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများမှာ ယာယီခိုလှုံနေထိုင်ခဲ့ကြရတယ်လို့ သိရပါတယ်။
Visited 15 times, 1 visit(s) today



