ဂျော်ဂျီယာအထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ် လေးယောက်သေ ကိုးယောက်ဒဏ်ရာရ

ဂျော်ဂျီယာ၊ စက်တင်ဘာ ၄

ဂျော်ဂျီယာ အထက်တန်းကျောင်းမှာ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၄ ရက်) က ပစ်ခတ်မှုဖြစ်ခဲ့လို့ ကျောင်းသား နှစ် ယောက်နဲ့ ဆရာ နှစ်ယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်ခဲ့သူဟာ အဲဒိကျောင်း,မှာပဲ တက်ရောက်နေတဲ့ ၁၄နှစ်အရွယ် ကျောင်းသားတစ်ယောက်လို့ သိရပါတယ်။

ပစ်ခတ်ခဲ့တဲ့ ကျောင်းသားကို ရဲတပ်ဖွဲက ဖမ်းမိထားပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။

တရားခံဖြစ်တဲ့ အသက် ၁၄နှစ်အရွယ်ကျောင်းသားနာမည်က ကော့တ် ဂရေး ဖြစ်တဲ့ အကြောင်း လက်ရှိမှာ ဒီပစ်ခတ်မှုကို ကိုင်တွယ်နေတဲ့ ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုညွှန်ကြားရေးမှူး ခရစ်စ်  ဟော့ဆေးက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဘာရိုးကောင်တီ ရဲအရာရှိ  ဂျဒ် စမစ် က သူတို့ အဖွဲတွေ ကျောင်းကို မနက် ၁၀ နာရီ ၂၀ ခန့်လောက်မှာ ရောက်သွားခဲ့တဲ့ အချိန် ပစ်ခတ်မှုက ပြီးသွားပြီလို့ ဆိုပါတယ်။

သေနတ်သမားဟာ ကျောင်းက လက်ထောက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ချက်ချင်း မြေပေါ်ကို သေနတ်ချခဲ့တာလို့ စမစ်က ပြောပါတယ်။

လတ်တလောမှာတော့ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးနေပြီး အခုလို ပစ်ခတ်အောင် ဘယ်အရာက လှုံ့ဆော်ခဲ့တာဆိုတဲ့ အကြောင်းကိုရဲတပ်ဖွဲက ထုတ်မပြောသလို ဘယ်လို သေနတ်ကို သုံးခဲ့တယ်ဆိုတာကိုလည်း အခုထိ ထုတ်မပြောသေးဘူးလို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ပစ်ခတ်မှု အပြီး မြင်ကွင်း

Feature Image Credit: REUTERS/Elijah Nouvelage

Visited 48 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *