အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဩစတြေးလျနဲ့ ပါပူဝါ နယူးဂီနီ ခရီးစဉ်ပျက်သွားလို့ တခြားအပြောင်းအလဲတွေလည်းရှိလာပါတယ်။ အကြီးမားဆုံးအပြောင်းအလဲကတော့ မဟာမိတ်လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲဖျက်သိမ်းလိုက်ရခြင်းပဲဖြစ်တယ်။
အမေရိကန်၊ ဩစတြေးလျ၊ အိနိ္ဒယနဲ့ ဂျပန်လေးနိုင်ငံမဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးညီလာခံကို ဩစတြေးလျနိုင်ငံမှာ လက်ခံကျင်းပဖို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်က ကြိုတင်ပြင်ဆင်ထားခဲ့တယ်။
ဆစ်ဒနီမြို့မှာ ကျင်းပမယ့် အဲဒီ ထိပ်သီးညီလာခံမှာ နျူကလီးယားစွမ်းအင်သုံးရေငုတ်သငေ်္ဘာတွေ ကိစ္စအပါအဝင် မျက်မှောက်ကမ္ဘာရဲ့လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ အားခဲထားတဲ့ အယ်လ်ဘာနီးစ်ရော တခြားမဟာမိတ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ အိနိ္ဒယ ဝန်ကြီးချုပ်နာရင်ဒရာ မိုဒီနဲ့ ဂျပန်ဝန်ကြီးချုပ် ဖုမိအောကိရှိဒတို့ပါ မဟာမိတ်လေးနိုင်ငံရဲ့ အနာဂတ်ရေးရာ အကြောင်းပြောခွင့်ဆိုခွင့် မရတော့ဘဲ သူတို့ပြောမယ့်အစီအစဉ်တွေကို လည်းဖျက်လိုက်ရပါတော့မယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပမယ့် ခုနစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ကနေ ဒီနေ့ထွက်ခွါမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားတယ်။
Ref: Aljazeera