ဂျိုးဘိုင်ဒင်နဲ့ကယ်ဗင်မက်ကာသီတို့နှစ်ဦး အမေရိကန်အစိုးရကြွေးမြီကိစ္စညှိနှိုင်းကြ မည်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အောက်လွှတ်တော်ဥက္ကဌကယ်ဗင်မက်ကာသီတို့နှစ်ဦး မေ၂၂ ရက်မှာ အမေရိ ကန်ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်း ကြမယ်လို့ အိမ်ဖြူတော်က သတင်းထုတ် ပြန်ခဲ့ပါတယ်။

ကြွေးမြီမျက်နှာကျက်လို့ခေါ်တဲ့ အကန့် အသတ်ပမာဏကို တရားဥပဒေနဲ့အညီ ဖြတ်ချဖို့ရီပတ်ဘလီကန်ပါတီကိုကိုယ်စားပြုတဲ့ အောက်လွှတ်တော်ဥက္ကဌကဆုံးဖြတ် ရမှာဖြစ်တယ်။

အကယ်၍ ပမာဏထပ်တိုး ပေးမယ်ဆိုရင် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတက သူဦးဆောင်တဲ့ အစိုးရလက်အောက်က လုပ်ငန်းတချို့ ရပ် တန့်မသွားအောင်ဆက်ထိန်းထားနိုင်မယ်။ ဆက်နွယ်နေတဲ့ အစုရှယ်ယာဈေးကွက်ကြီး ယိုင်လဲမသွားအောင် ကယ်တင်ပေး နိုင်မယ်လို့ဆိုတယ်။

အမေရိကန်ပြည်ထောင်စုမှာ အစိုးရက ပြန်ဆပ်ရမယ့်ကြွေးမြီပမာဏဟာ အခု နောက်ပိုင်းမှာတစ်နှစ်ထက်တစ် တိုးမြင့်လာခဲ့တယ်။ နိုင်ငံသားတွေထံက ကောက်ခံရရှိတဲ့ အခွန်အခတွေကနေ အစိုးရက ကဏ္ဍ အလိုက် လိုအပ်တဲ့ အသုံးစရိတ်တွေသတ်မှတ်ထုတ်ယူပြီးသုံးစွဲရတယ်။

ပြဌာန်းထားတဲ့ဥပဒေနဲ့အညီ သုံးစွဲ တယ်ဆိုပေမယ့် သုံးစွဲရတဲ့ပမာဏက လျော့ မသွားဘဲပိုပိုပြီးတိုးလာခဲ့တယ်။

ကြွေးမြီပမာဏကို အတန်အသင့် တိုးမြှင့်ခွင့်ပြုပေးဖို့ အောက်လွှတ်တော်ဥက္ကဌက ခွင့် ပြုပေးလိုက်မယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒင် အ စိုးရဖက်က အနည်းဆုံးပမာဏအထိ ဘဏ္ဏာငွေကို လျှော့သုံးမှဖြစ်မယ်လို့ ကြိုပြောထားကြောင်းသိရတယ်။

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *