ဂျာမနီမှာ အစုလိုက်အပြုံလိုက် မြုပ်ထားတဲ့ လူ ၁၅၀၀ ကျော်ရဲ့ အရိုးစုတွေ တူးဖော်ရှာတွေ့

နုရင်ဘတ်ခ်၊ မတ် ၆

ဂျာမနီနိုင်ငံ တောင်ပိုင်းဒေသနေရာတစ်ခုမှာ ဥရောပတစ်ခုလုံးမှာ တူးဖော်ဖူးသမျှ အကြီးမားဆုံး သင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့  ရှေးဟောင်း သုတေသန ပညာရှင်တွေကမတ်လ ၆ရက်နေ့က ‌ပြောဆိုခဲ့ပါတယ်။

သတင်းတွေအရ  အရိုးစု ၁၀၀၀လောက်တွေ့ထားပြီး ဒါက စုစုပေါင်း လူပေါင်း ၁၅၀၀ ကျော် ရဲ့ အရိုးစုတွေ  ပါဝင်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားတဲ့အကြောင်း မတ်လ၆ရက် အင်္ဂါနေ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော် နုရင်ဘတ်ခ်မှာ လူနေအဆောက်အအုံအသစ်တစ်ခု  မဆောက်မီ ရှေးဟောင်းသုတေသန စစ်တမ်းတစ်ခု အရ အခုလို တူးဖော်တွေ့ခဲ့တာလို ဆိုပါတယ်။

နုရင်ဘတ်ခ်ရဲ့  အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက မီလန်နီ လန်ဘိန်းကတော့ ပလိပ်ရောဂါကြောင့် သေခဲ့တဲ့သူတွေလို့ ယူဆနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် နုရင်ဘတ်ခ် ပလိပ်သင်္ချိုင်းလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အခု တူးဖော်တွေ့ရှိခဲ့တဲ့ နေရာ မပါဘူးလို့လည်း သိရပြန်ပါတယ်။

ခရစ်ယာန်တွေက သင်္ဂြိုလ်တဲ့ အလေ့အထကို မယူလို့ အခုလိုမျိုး စုပေါင်းမြုပ်နှံ ထားရတာလို့ ပြောပါတယ်။ နောက်တစ်ချက်က အချိန်တိုတိုလေးထဲမှာ သေဆုံးတဲ့သူအရမ်းများလို့ အခုလိုပဲ စုမြုပ်လိုက်တာလို့ ဆက်ပြောပါတယ်

နုရင်ဘတ်ခ်မှာ လွန်ခဲ့တဲ့  ၁၄ ရာစုဝန်းကျင်ကာလတွေထဲ  ၁၀ နှစ်တစ်ကြိမ် ပလိပ်ရောဂါဖြစ်ပွားခဲ့သလို တစ်ခါဖြစ်တိုင်းလည်း အစုလိုက်အပြုံလိုက် သေကျေပျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာအရိုးစုတွေကို တူးဖော်နေတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်

Feature Image Credit: In Terra Veritas

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *