လိုက်ပ်ဇ်၊ ဩဂုတ် ၁၉
ဂျာမနီနိုင်ငံ လိုက်ပ်ဇ်မြိုက Highfield လို့ ခေါ်တဲ့ ဂီတပွဲတော်မှာ အပျော်စီးချားရဟတ်တစ်စီး ဩဂုတ်လ ၁၈ရက် ည ၉နာရီလောက်မှာ မီးလောင်ခဲ့လို့ လူ ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရ ည ၉ နာရီဝန်းကျင်မှာ မီးလောင်ခဲ့ပြီး လူလေးယောက် မီးလောင်ဒဏ် ရာမတွေရခဲ့ပြီး တခြားတစ်ယောက်ကတော့ ပြုတ်ကျဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ချားရဟတ်ပေါ်က တခြားလူ ၁၈ယောက်လည်း မီးခိုးမွှန်ပြီး ဆေးရုံကို ပို့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။
လတ်တလောမှာတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီး အခင်းဖြစ်နေရာကို ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။
မီးလောင်တဲ့ အချိန်မှာ နာမည်ကြီး ဂျာမန်ရက်ပ်အဆိုတော် Ski Aggu သီဆိုဖျော်ဖြေနေတဲ့ အချိန်ဖြစ်ပြီး သူက ညကအဖြစ်အပျက်နဲ့ ပတ်သက်ပြီး “တုန်လှုပ်ချောက်ချား” ခဲ့ရတဲ့အကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ ရေးတင်ခဲ့တယ်လို့ လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ မီးလောင်နေတဲ့ ရဟတ်ကြီးကို တွေ့ရပုံ
Feature Image Credit: Alliance/DPA/AP



