ဂျာမနီခေါင်းဆောင်နဲ့အတူထိပ်တန်း စီအီးအို အဖွဲ့ ပေကျင်းကိုခရီးထွက်ခွာ တရုတ်ကဂျာမနီအတွက် လိုအပ်ချက်ဖြစ်လာ

၂၀၂၂ အောက်တိုလာ ၂၅  ဘာလင်မြို့မှာ ကျင်းပတဲ့ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဂျာမနီအဓိပတိ
Photo Credit: Omer messenger/Getty Images

ဟောင်ကောင်၊ နိုဝင်ဘာ ၃

ဂျာမနီအဓိပတိ အိုလက်ဖ် ရွှိုက် ဦးဆောင်တဲ့ ဂျာမန်စီးပွားရေး ထိပ်တန်းအမှုဆောင်အဖွဲ့တစ်ဖွဲ့ နိုဝင်ဘာ ၄ရက်၊ သောကြာနေ့ တရုတ်နိုင်ငံကို ရောက်မယ်လို့ သိရပါတယ်။ပေးချင်တဲ့ သတင်းစကားကတော့ ဂျမနီအနေနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနဲ့  စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

 အဆိုပါ တစ်ရက်တာ ခရီးစဉ်မှာ  ရွှိုက်ဟာ ပေကျင်းမှာပဲ တရုတ်ခေါင်းဆောင် ရှီ ကျင်:ပင်အပါအဝင် ၀န်ကြီးချုပ် လီကဲချန် နဲ့ပါတွေ့မယ်လို့မျှော်လင့်ရကြောင်းလည်း သိရပါတယ်။

ရွှိုက်နဲ့အတူ ဂျာမန်ထိပ်တန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဗော့လ်ခ်စ်ဝက်ဂွန် (VLKAF)၊ ဒွိုက်ချ်ဘဏ် (DB)၊ စီးမန်း (SIEGY)၊ ဓာတုဗေဒပစ္စည်းကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ဘတ်စ်စဖီ(BASF) အပါအဝင် ဂျာမန်စက်မှုလုပ်ငန်း ၁၂ ခု ပါဝင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဟာ  ဒီနေ့ ပေကျင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့တံခါးပိတ် တွေ့ဆုံဖို့  စီစဉ်ထားတယ်လို့သတင်းတွေမှာ ဖော်ပြပါတယ်။

ဂျီ ဆဲဗင်း ခေါင်းဆောင်တစ်ဦးအနေနဲ့  ဒီတရုတ်ခရီးစဥ်ဟာ သုံးနှစ်အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်တဲ့အလျောက် ဂျာမနီစီးပွားရေးကျဆင်းလုနီး အချိန်မှာ ဒီခရီးစဥ် ထွက်ပေါ်လာတာဖြစ်လို့ ဥရောပရဲ့အကြီးဆုံး စီးပွားရေး တွေဟာ ပေကျင်းရဲ့ စီးပွားရေးနဲ့  နီးနီးကပ်ကပ် ဆက်စပ်နေသေးတယ် ဆိုတဲ့  စိုးရိမ်စိတ်တွေကို မြင့်တက်စေတဲ့ ခရီးစဥ်တစ်ခု လို့လည်း သတင်းတွေက ဖော်ပြနေကြတယ်လို့ သိရပါတယ်။

Ref: CNN

အိုလက်ဖ် ရွှိုက် (ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တော်ဝန်ဘဝ) ၂၀၁၇ က တရုတ်သမ္မတ ကို လက်ခံတွေဆုံခိုက်
Photo Credit: AFP
Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *