ဂျာမနီက သူတို့ရဲ့  Leopard 2 တင့်ကားတွေ ပထမအသုတ် အဖြစ်  ယူကရိန်းကို စေလွတ်

ဂျာမနီလုပ် Leopard 2 တင့်ကားတစ်စီးကို တွေ့ရပုံ
Photo Credit: Getty Images

ဘွန်း၊ မတ် ၂၈

ဂျာမနီနိုင်ငံဟာ သူတို့ရဲ့  Leopard 2 တင့်ကားတွေကို  ပထမဆုံးအသုတ်အဖြစ်   ယူကရိန်း ပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းတပ်သားတွေကို အရင်လေ့ကျင့်သင်ကြားပြီးမှ အခုလို့ ပိုလိုက်တာ ဖြစ်ပြီး အခု ပို့လိုက်တဲ့ အသုတ်မှာ နောက် ဆုံး ပေါ် ပင်မတိုက်ပွဲဝင်တင့်ကား ဆယ့်ရှစ်စီး ပါဝင်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဘောရစ် ပစ္စတိုးရီးယပ်စ် ကအခု ပို့လိုက်တဲ့ တင့်ကားတွေဟာ   ရှေ့တန်းစစ်မျက်နှာမှာ  ယူကရိန်း တပ်တွေကို ပြတ်ပြတ်သားသား ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့  ယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။

တစ်ချိန်တဉ်း ဆိုသလို ယူကေက ကူညီထောက်ပံ့လိုက်တဲ့  Challenger 2 တင့်ကားတွေလည်း ရောက်ရှိလာပြီဖြစ်တဲ့ အကြောင်း ယူကရိန်းက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

ယူကရိန်းအနေနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို တိုက်ဖျက်ဖို့  ပိုမိုခေတ်မီတဲ့ ယာဉ်တွေနဲ့ လက်နက်စနစ်တွေကို  လပေါင်းများစွာ တောင်းဆိုနေခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်းအစိုးရက ဂျာမန် Leopard 2 တွေနဲ့ပတ်သက်ပြီး  မှတ်ချက်မပေးသေးပေမယ့်  ဗြိတိန်လုပ် ပထမဆုံးChallenger 2 တင့်ကားတွေ  ရောက်ရှိလာကြောင်းကိုတော့  အတည်ပြုပြောဆိုထားကြောင်းသိရပါတယ်။

Ref:BBC

Visited 42 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *