ဂျပ်စတင် နဲ ဟေလီ ဘီဘာ တို့  ယာဝိုင်အီအပန်းဖြေခရီး ဓါတ်ပုံတွေ အင်စတာဂရမ်မှာ လူကြည့်များနေ

ဂျပ်စတင် နဲ့ ဟေလီတို့ စုံတွဲ
photo Credit: ENews

ဟာဝိုင်အီ၊ ဖေဖေါ်ဝါရီ ၉

အဆိုတော် ဂျပ်စတင် ဘီဘာနဲ့ သူ့ဇနီး ဟေလီ ဘီဘာတို့ ပြီးခဲ့တဲ့ သတင်းပတ်က အပူပိုင်းရာသီဥတုရှိတဲ့ ကမ္ဘာကျော် အပန်းဖြေကျွန်း တစ်ခု ဖြစ်တဲ့ ဟာဝိုင်အီကို  သူငယ်ချင်းတွေနဲ့တူတူ အပန်း‌ဖြေခရီး ထွက်ခဲ့ကြပါ တယ်။ အဲ့ဒိ ခရီးစဥ်မှာ သူတို့တွေ ရိုက်တင်ထားတဲ့ ဓါတ်ပုံတွေက အရမ်းကို ပျော်စရာကောင်းပြီး အင်စတာ ဂရမ်ပေါ်ရောက်သွားတဲ့ အခါမှာတော့ ကြည့်ရှုသူတွေ အချိန်တိုတွင်းမှာ သန်းနဲ့ချီသွားတယ်လို့ သိရပါတယ်။

အင်စတာဂရမ်မှာ မှာ  တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း သူတို့ စုံတွဲဟာ နေစာလှုံလိုက် အုန်းရည်သောက်လိုက် နဲ့ ပျှော်ရွှင်နေကြပါတယ်။

ဓာတ်ပုံတစ်ပုံမှာတော့ ဟေလီဟာ  ဂျပန်စားသောက်ဆိုင်တစ်ခုမှာ ဂျပ်စတင်နဲ့ အတူ ရယ်မောရင်း သူငယ်ချင်းရဲ့ ရင်သွေး ဘေဘီလေးကို ချီပွေ့ထားတာ မြင်ကြရမှာပါ။ အဲ့ဒိပုံကလည်း ပရိသတ်တွေ အကြိုက်တွေ့ အကြည့်များခဲ့တယ်လို့ ဆိုပါတယ်။

တခြားပုံကတော့ ဟေလီ တစ်ယောက် စတိုးဆိုင်မှာ အစာပြေမုန့်စားနေတဲ့ပုံ၊မြက်ခင်းပေါ်မှာ စားသောက်နေတဲ့ပုံ စတာတွေက ပရိသတ်ကို ပျော်ရွှင်စေခဲ့တယ်လို့ ကွန့်မန့်တွေက ပြောနေပါတယ်။

ဂျပ်စတင် ဘီဘာဟာ အခုဆို အသက် ၂၈နှစ်ရှိနေပြီးဖြစ်ပြီး သူဇနီး ဟေလီ ဘော်ဒွင် က အသက် ၂၆နှစ်ရှိနေပြီး သူတို့ချစ်သူနှစ်ဦးဟာ ၂၀၁၈ခုနှစ်က လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref:ENews

အင်စတာဂရမ်မှာ လူကြည့်များနေတဲ့ ဂျေဘီတို့ ခရီးစဥ် ဓါတ်ပုံများ

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *