တိုကျို၊ ဇန်နဝါရီ ၂
ဂျပန်အာဏာပိုင်တွေဟာ နှစ်သစ်ကူးနေက လှုပ်ခတ်ခဲ့တဲ့ ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ အဆောက်အအုံတွေ၊ လမ်းတွေအပြင် အေးခဲနေတဲ့ ရာသီဥတုအောက်မှာ လျှပ်စစ်မီး ပြတ်တောက်တဲအခြေအနေတွေကြာ:မှာပဲ အသက် ရှင်ကျန်နေသူတွေကို လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့ အပြင်းအထန် ကြိုးစားနေရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူ ၈ယောက်ထက်မနည်း သေးဆုံးခဲ.ရပြီးလည်း ဖြစ်ပါ တယ်။.
ဇန်နဝါရီ ၁ရက် တနင်္လာနေ့မွန်းလွဲပိုင်းမှာ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ကမ်းရိုး တန်းဒေသတချို့မှာ အမြင့် ၁ မီတာလောက်ရှိ တဲ့ ဆူနာမီလှိုင်းလုံးတွေဂျပန်နိုင်ငံအနောက်ဘက် ပင်လယ်ပြင်ကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂ရက်မှာတော့ နိုတိုကျွန်းဆွယ်မှာရှိတဲ့ အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသကို ကူညီကယ်ဆယ်ရေးလုပ်ဖို့ စစ်ဘက်အမှုထမ်းတစ်ထောင်ကို စေလွှတ်ထားတယ်လို့ သိရပါတယ်။
လမ်းတွေကပျက်စီးပိတ်ဆို့နေသလို ဒေသဆိုင်ရာ လေဆိပ်တစ်ခုကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
Ref: Reuters/cm/lk
ပုံစာ။ ပျက်စီးသွားတဲ့ အဆောက်အဦးတစ်ခု
Feature Image Credit: Reuters



