
Photo Credit: IANS
တိုကျို၊ ဇန်နဝါရီ ၂၆
ဂျပန်နိုင်ငံက ဆူဇူကီးကားကုမ္ပဏီဟာ သူတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ စုစုပေါင်း ယန်း ၄ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇၉ ဘီလီယံ) ကို ၂၀၃၀ ဘဏ္ဍာရေးနှစ်အထိ ဆူဇူကီးရဲ့ တိုးတက်မှု မဟာဗျူ ဟာ တစ်ရပ်အနေနဲ့ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်း ဇန်နဝါရီ ၂၆ မှာ ပြောဆိုလိုက်ပါတယ်။
သူတို့အနေနဲ့ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ အလိုအလျောက်မောင်းနှင်တဲ့နည်းပညာတွေ လွယ်ကူချောမွေ့ဖို့ အတွက် ယန်းငွေ ၂ ထရီလျံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး လျှပ်စစ်ဘက်ထရီကားစက်ရုံတည်ဆောက်ဖို့နဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ အတွက် ယန်း ၂.၅ ထရီလီယံခွဲဝေပေးမယ့် အကြောင်း ကို လည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဆူဇူကီးက သူ့ရဲ့ ပထမဆုံး လျှပ်စစ်ဘက်ထရီကား တွေကို ၂၀၂၃ ဘဏ္ဍာရေးနှစ် မှာ စပြီး ဂျပန်နိုင်ငံတွင်းမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ၂၀၂၄ ဘဏ္ဍာရေးနှစ် အရောက်မှာတော့ ဥရောပနဲ့ အိန္ဒိယမှာ မိတ်ဆက်သွားမယ်လို ဆိုပါတယ်။သူ့ရဲ့ ပထမဆုံး လျှပ်စစ်ဘက်ထရီ မော်တော်ဆိုင်ကယ်တွေကိုတော့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကမ္ဘာအနှံ့ မိတ်ဆက်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။
ဆူဇူကီးဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ခေတ်မီ EV စျေးကွက်( Electric Vehicle ) ရဲ့ ကြီးမား တဲ့ ဈေးကွက်ဝေစုကို ရဖို့ အင်အားကြီးတဲ့ တိုယိုတာနဲ့ပူးပေါင်းလုပ်ကိုင်ချင်တဲ့ ဆန္ဒလည်း ရှိနေတယ်လို့ လည်းဆိုပါ တယ်။
ဆူဇူကီးအနေနဲ့ တိုယိုတာ ဆီက လျှပ်စစ်ကားငယ်လေးတွေနဲ့ ပတ်သက်တဲ့ EV နည်းပညာတွေကို လည်းသင်ယူ ဖို့ စီစဉ်နေကြောင်းနဲ့ သူတို့ရဲ့ ဥက္ကဋ္ဌ မစ္စတာ တိုရှိဟီရို ဆူဇူကီး တစ်ယောက်အခုလထဲမှာပဲ အိန္ဒိယကို အလည် အပတ် ရောက်နေတုန်း ထုတ်ပြောခဲ့တာဖြစ်ပြီး အိန္ဒိယရဲ့ လျှပ်စစ်ကား စျေးကွက်မှာလည်း ဆူဇူကီးရဲ့ ခြေ လှမ်းတွေကို တိုးချဲ့ဖို့ အသင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CAN / Reutres

Photo Credit: CarTog