ဂျပန်သိပ္ပံပညာရှင်တွေက တိမ်တွေထဲမှာ သေးငယ်တဲ့ မိုက်ခရိုပလတ်စတစ်တွေ ရှိနေတာကို စမ်းသပ်တွေ့ရှိ

မိုးတိမ်ထဲကတွေခဲ့တဲ့ ပလတ်စတစ်စများ
Photo Credit: The Straits Times

ဝါရှင်တန်၊ စက်တင်ဘာ ၂၈

ဂျပန်သိပ္ပံပညာရှင်  သုတေသီတွေဟာ တိမ်တွေထဲမှာ သေးငယ်တဲ့ မိုက်ခရို ပလတ်စတစ်တွေ ရှိနေတာကို စူးစမ်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 ဒီ ဖြစ်ရပ်ကို အပြည့်အဝ မဖော်ထုတ်နိုင်သေးပေမယ့်  ရာသီဥတုကို နည်းလမ်းမျိုးစုံနဲ့ ထိခိုက်စေမှာ ကတော့ သေချာတယ်လို့ ပြောပါတယ်။

 Environmental Chemistry Letters သုတေသနစာတမ်းမှာဖော်ပြတဲ့  လေ့လာမှုတစ်ခုမှာ  သိပ္ပံပညာရှင် တစ်စု ဟာ တောင်ထိပ်မှာဖုံးလွှမ်းနေတဲ့  မြူခိုးတွေမှာရှိတဲ့ ရေတွေကို စုဆောင်းရယူဖို့ရာ ဖူဂျီတောင်နဲ့ အိုယာမတောင်ပေါ်ကို  တက်ခဲ့ကြပြီး  ရုပ်ပိုင်းဆိုင်ရာနဲ့  ဓာတုဂုဏ်သတ္တိတွေကို သုတေသနလုပ်ဖို့ အဆင့်မြင့် ပုံရိပ်ဖော်နည်းတွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ကြပါတယ်။

စမ်းသပ်သုတေသနလုပ်ငန်းတွေအတွင်းမှာပဲ အရွယ်အစား ၇ ဒသမ ၁ ကနေ ၉၄ ဒသမ ၆ မိုက်ခရိုမီတာအထိ ရှိတဲ့  မိုက်ခရိုပလတ်စတစ်တွေ မိုးတိမ်တွေထဲမှာ ပျော်ဝင်နေတာ တွေ့ရှိခဲ့ကြပါတယ်။ နောက်တစ်ဆင့်ထပ်ပြီး စမ်းသပ်ရာမှာတော့ ရော် ဘာတစ်မျိုးနဲ့  ပိုလီမာအမျိုးအစား ပလတ်စတစ်ကိုးမျိုး ပါဝင်နေတာကို ဖော်ထုတ် နိုင်ခဲ့ကြပါတယ်။

နောက်ဆက်တွဲအနေနဲ့ မိုးတိမ်ထဲကရေ တစ်လီတာစီမှာ  ပလတ်စတစ် ၆ဒသမ၇ ကနေ ၁၃ဒသမ၉ ပိုင်းအထိ ပါဝင်နေတာကိုလည်း ထပ်ပြီး တွေ့ရှိခဲ့ပြန်ပါတယ်။

လတ်တလောမှာ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ “ပလတ်စတစ်လေထုညစ်ညမ်းမှု” ကိစ္စကို တက်တက်ကြွကြွ မဖြေရှင်းနိုင်ခဲ့ရင်  ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟဗေဒဆိုင်ရာ အန္တရာယ်တွေ လက်တွေ့ဖြစ်လာနိုင်ပြီး အနာဂတ်မှာ နောက်ပြန်မဆုတ်နိုင်တဲ့  ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်လာတော့မှာ မလွဲဘူးလို့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းစောင့် ရှောက်သူတွေက ထောက်ပြဝေဖန်နေတာလည်း အချိန် အတော် ကြာခဲ့ပြီ လို့ သိရပါတယ်။

မိုက်ခရိုပလတ်စတစ်တွေဟာ  လေထုအပေါ်ပိုင်းကိုရောက်ပြီး နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အခါ ပျက်စီးသွားပြီး  ဖန်လုံအိမ်ဓာတ်ငွေ့ကို ဖြစ်လာစေမှာ အသေအချာပဲ” လို့

Waseda တက္ကသိုလ်က သိပ္ပံစာရေးဆရာ ဟိရိုရှိ အိုကိုချိ က စက်တင်ဘာ၂၇  ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက် တစ်ခု မှာ သတိ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Ref: AFP/ec

ပုံစာဖူဂျီတောင်ကြီး ပတ်လည်က မိုးတိမ်များ

Feature Image Credit: AFP

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *