တိုကျို၊ ဇူလိုင် ၁
ဂျပန်နိုင်ငံမှာ မြေဈေးတွေ အရှိန်နဲ့ တက်နေတယ်လို့ သိရပါတယ်။ အခု ၂၀၂၄နှစ်လည်ဈေးနူန်းတွေက ၂၀၁၀ခုနှစ်နောင်ပိုင်း အမြင်ဆုံးစံချိန်ဖြစ်လာတယ်လို့ အခွန်အေဂျင်စီက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ မြေစျေးနှုန်းတွေဟာ ၂၀၁၀မှာ ကောက်ယူထားတဲ့ အချက်အလက်တွေအရ နှစ်အလိုက် မြန်မြန်ဆန်ဆန် တက်လာနေတယ်လို့ ဂျပန်နိုင်ငံအခွန်အေဂျင်စီက တနင်္လာနေ့ ဇူလိုင် ၁ရက်နေ့မှာ ပြေဆိုလိုက်ပါတယ်။
ပျှမ်းမျှမြေဈေးက ၂၀၂၁ခုနှစ်မှာ ၀ ဒသမ၅ရာခိုင်နူန်း၊ ၂၀၂၂ခုနှစ်မှာ ၁ ဒသမ ၅ရာခိုင်နူန်းနဲ့ ၂၀၂၃ခုနှစ်မှာဆို ၂ဒသမ၃ရာခိုင်နူန်းအထိ တောက်လျှောက်တက်လာနေတယ်လို့ သိအမျိုးသားအခွန်အေဂျင်စီရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
တိုကျို၊ မြောက်ပိုင်း ဟော့ကိုင်းဒိုးနဲ့ တောင်ပိုင်း အိုကီနာဝါ အပါအဝင် နိုင်ငံတစ်ဝှမ်းက စီရင်စု ၄၇ ခုအနက် ၂၉ ခုမှာ မြေဈေးတွေ မြင့်တက်လာတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
အိမ်ရာနဲ့ စီးပွားရေးဆိုင်ရာ မြေယာနှစ်မျိုးလုံးအတွက် ခိုင်မာတဲ့ ဝယ်လိုအားနဲ့အတူ ဖူကူအိုကာစီရင်စုက အမြင့်ဆုံးဈေးပေါက်နေပြီး ၅ဒသမ ၈ရာခိုင်နူန်းအထိ ဈေးတွေ တက်လာခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ တိုကျို ဆင်ခြေဖုံးက လူနေအိမ်တချို့
Feature Image credit: The Japan Times



