ဂျပန်မှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ခါနွန် တောင်ကိုရီးယား ကိုဆက်ဝင်

လူ၁၄၀၀၀ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

ဆိုးလ်၊ ဩဂုတ် ၁၀

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်မှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ခါနွန်ဟာ ပြီးခဲ့တဲ့ ရက်တွေကစ တောင်ကိုရီး ယား ကို ဝင်ရောက်ခဲ့တာကြောင့်  ပြည်သူ ၁၄၀၀၀လောက်ကို ဘေးလွတ်ရာဆီ အရေးပေါ် ရွှေ့ပြောင်းပေးခဲ ရ တယ်လို့ ဆိုးလ် အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းတစ်ခုအဖြစ်ကနေ အပူပိုင်းမုန်တိုင်းအဖြစ်ကို အသွင်ပြောင်းသွားတဲ့ ခါနွန်ဟာ တောင်ကိုရီးယား နိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းရဲ့  ကုန်းတွင်းပိုင်းကို ဝင်ရောက်နေပြီး မြို့တော် ဆိုးလ်ကို  ဦးတည်နေ တယ် လို့  သိရ ပါတယ်။

ခါနွန်ဟာ  မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းကိုလည်း သောကြာနေ့အစောပိုင်းက ဝင်ရောက်ခဲ့တာမို့ မြောက်ကိုရီး ယား အာဏာပိုင်တွေက အရေးပေါ်  အမိန့်ပေးထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဒီနေ့ တောင်ကိုရီးယားမှာတော့  လေယာဉ်ခရီးစဉ် ၃၅၀ နီးပါးနဲ့  ရထားခရီးစဉ် ၄၅၀ လောက်ကို ဖျက်သိမ်းခဲ့ ရပြီး လူပေါင်း ၁၄၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Ref: Reuters/lk

 ပုံစာအညွှန်း။ သြဂုတ်လ ၁၀ရက်က ခါနွန်မုန်တိုင်းကြောင့် နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားက ဒေဂူးမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပုံ

Feature Image Credit: Yonhap via Reuters

Leave a Reply

Your email address will not be published. Required fields are marked *