စင်္ကာပူ၊ ဇွန် ၁၄
တိုကျိုမြို့က အများသူငါသုံး ရေချိုးခန်းတစ်ခုမှာ အဝတ်ဗလာဖြစ်နေတဲ့ ယောက်ျားလေးတစ်ယောက်ကို ဓါတ်ပုံခိုးရိုက်ခဲ့တဲ့ စင်ကာပူနိုင်ငံက သံတမန်တစ်ယောက်ကို ယန်း ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၈) ဒဏ်ငွေ ချမှတ်ခဲ့တယ်လို့ ဂျပန်တရားရုံးတစ်ခုက ကြာသပတေးနေ့ (ဇွန် ၁၃ ရက်)မှာ ပြောဆိုလိုက်ပါတယ်။
ကြာသပတေးနေ့ အစောပိုင်းမှာ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) က CNA ကိုပြောရာမှာတော့ အဲ့ဒိ သံအရာရှိဟာ ၂၀၂၄ခုနှစ် ဧပြီလလယ်မှာ ကတည်းက ရာထူးတာဝန်ကနေ ပြီးဆုံးသွားပြီ ဖြစ်တာမို့ သံတမန်ရေးရာ ကင်းလွတ်ခွင့် မရခဲဘူးလို့ ပြောပါတယ်။
တရားခံ အမျိုးသားဟာတိုကျိုမြို့က စင်ကာပူသံရုံးရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လို့ သိရပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေဟာ သံရုံးလိုမျိုး သံတမန်ဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ သံတမန်အဆင့်ဖြစ် ပါတယ်။ သံတမန်ဆက်ဆံရေး ဗီယင်နာသဘောတူညီချက်အရ သံတမန်တစ်ယောက်ကို ဖမ်းဆီးခွင့်မရှိပါဘူး။
စင်္ကာပူနိုင်ငံခြားရေးဌာနကလည်း “ဒီအရာရှိကို ဂျပန်ဥပဒေနဲ့အညီ အရေးယူခဲ့တာကို ကျွန်တော်တို့ နားလည်ပြီး ဂျပန်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်” လို့ တရာဝင်ထုတ်ဖော်ပြောဆိုခဲတယ်လို့ သိရပါတယ်။
Ref: CNA
Feature Image credit : Facebook/SingaporeEmbassyTokyo, iStock)



