တိုကျို၊ ဖေဖေါ်ဝါရီ ၁၅
ပြည်တွင်းစားသုံးမှု အားနည်းလာတာကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ မမျှော်လင့်ဘဲ ကျုံ့သွားကာ နိုင်ငံကို စီးပွားရေး ကျဆင်းတဲ့ အဖြစ်ကိုတွန်းပို့ခဲ့တာကြောင့် ကမ္ဘာ့တတိယစီးပွားရေးအကြီးဆုံးနိုင်ငံဆိုတဲ့ သရဖူကို ဂျာမဏီနိုင်ငံဆီကို လွဲပေးလိုက်ရပြီ ဖြစ်ပါတယ်။
ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ဟာ၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလမှာ ၀ ဒသမ၄ရာခိုင်နူန်း အထိ ကျဆင်းတဲ့အ ကြောင်း အစိုးရအဖွဲ့ရုံးကဖေဖေါ်ဝါရီ ၁၆ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရိုက်တာ သတင်းဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လာမယ့် အောက်တိုဘာလ ကနေ ဒီဇင်ဘာလ စတဲ့ ကာလ အရောက်မှာတော့ လေးလပတ် ဂျီဒီပီ က ၁ရာခိုင်နူန်းကျော် တိုလာမယ်လို့ ခန့်မှတ်းထားပါတယ်။
လတ်တလောမှာတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ဂျာမနီနောက် ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံးအဖြစ် ဆက်ရပ်တည်နေတဲ့အကြောင်း အချက်အလက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
လက်ရှိကာလတွေမှာ ပြည်တွင်းဝယ်လိုအားက အရမ်းအားနည်းနေသလို စားသုံးသူအသုံးစရိတ်အပါအဝင် အဓိကပြည် တွင်း ဝယ်လိုအားအမျိုးအစားအားလုံးကလည်း အနုတ်လက္ခဏာဆောင်နေပါတယ်။
ဂျပန်စားသုံးသူတွေဟာ အစားအသောက်၊ လောင်စာဆီနဲ့ အခြားကုန်ပစ္စည်းတွေအတွက် မြင့်မားတဲ့ စျေးနှုန်းတွေကိုရင်ဆိုင်နေရပြီး စတုတ္ထသုံးလပတ်မှာ ၀ ဒသမ ၉ ရာခိုင်နူန်း အထိ စားသုံးမှု ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ အခြေခံစွမ်းအင်လိုအပ်ချက်ရဲ့ ၉၄ ရာခိုင်နူန်း၊ စားနပ်ရိက္ခာ ၆၃ရာခိုင်နူန်းကို ပြည်ပကတင်သွင်းနေရတာကြောင့် ယန်းငွေအားနည်းပြီး လူနေမှုစရိတ်ကို သိသိသာသာမြင့်မားလာစေတယ်လို့ Japanmacro ရဲ့ တိုကျိုအခြေစိုက် မဟာဗျူဟာပညာရှင် နေးလ် နူမန် က CNN ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ တိုကျိုမြို့ တစ်နေရာ
Feature Image Credit: Zhang Xiaoyu/Xinhua/Getty Images



