တိုကျို၊ ဇူလိုင် ၂၇
ဂျပန်နိုင်ငံကို တခြားနိုင်ငံတွေကနေလာပြီး အခြေချနေထိုင်တဲ့သူတွေ သုံးသန်းလောက်အထိ မြင့်တက်နေချိန်မှာ ပြည်တွင်း က ဂျပန်လူမျိုးတွေရဲ့ လူဦးရေက အရှိန်အဟုန်နဲ့ကို့ လျော့ကျသွားတယ်လို့ ဂျပန်အစိုးရရဲ့ အချက်အလက်တွေက ဖော်ပြ နေတယ်လို့ သိရပါတယ်။
ဂျပန်လူ့အဖွဲ့အစည်းဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ အသက်အရွယ်ကြီးရင့်တဲ့သူတွေ တိုးလာနေတာနဲ့အမျှ နိုင်ငံခြားသားတွေက အရင်ကထက်ကို ပိုကြီးမားတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်လာနေတာက သက်သေပြနေတယ်လို့လည်း အစိုးရရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ပြည်တွင်းရေးရာနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ နေထိုင်သူ စာရင်း အင်း အချက်အလက်တွေ အရ ဂျပန် နိုင်ငံသား ဦးရေက ၁၄ နှစ်အတွင်းမှာ လူ ၈ သိန်းလောက် ကျဆင်းခဲ့တာမို့ တစ်နိုင်ငံ လုံးလူဦးရေဟာ ၁၂၂ ဒသမ ၄၂ သန်းအထိ ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ မြို့ကြီးပြကြီးတွေမှာတင်မဟုတ်ဘဲ စီရင်စု ၄၇ ခုစလုံးမှာ ကျဆင်းသွားတဲ့ လူဦးရေ ကိန်ဂဏန်း အချက်အလက် တွေအရ သိရတာလို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ ဒီနှစ် ၂၀၂၃နှစ်လယ်အထိ နေထိုင်နေတဲ့ နိုင်ငံခြားသားဦးရေဟာ စံချိန်တင် ၂ ဒသမ ၉၉ သန်းရှိပြီး အရင်နှစ် ထက် ၁၀ဒသမ၇ ရာခိုင်နှုန်း တိုးလာတာပါ။ိ ဒါဟာ ဆယ်နှစ်အတွင်း တစ်နှစ်ထက်တစ်နှစ် ကြီးကြီးမားမား တိုးလာတာလို့ လည်း အစိုးရကပြောဆိုပါတယ်။
ဝန်ကြီးချုပ် ဖူမီယို ကီရီဒ ကတော့ ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို ထိပ်တန်းဦးစားပေးအနေနဲ့ ပြောင်းပြန်လှန်လုပ် ဆောင်ပြီး အစိုးရက ကလေးပြုစုစောင့်ရှောက်ရေးနဲ့ မိဘတွေကို ပံ့ပိုးကူညီနိုင်ဖို့ရာ တစ်နှစ်ကို ယန်း ၃ဒသမ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ) သုံးစွဲဖို့ လျာထား ထားတယ်လို့ သိရပါတယ်။
Ref: CNA
Photo Credit: Kyodo News