ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများကို ဝင်ငွေခွန်ဆောင်ဖို့ မြန်မာသံရုံးက အသိပေးကြေညာ

ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများကို ဝင်ငွေခွန်ဆောင်ဖို့အတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သံရုံး(တိုကျို)က ဒီဇင်ဘာလ၂၁ရက်နေ့က အသိပေးကြညာချက်တစ်စောင် ထုတ်ပြန်ကြညာခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို သွားရောက်ပြီး အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများအနေနဲ့ ၂၀၂၃ခုနှစ်၊အောက်တိုဘာလမှစပြီး မြန်မာသံ ရုံးမှာ ဝင်ငွေခွန်ထမ်းဆောင်ရမှာဖြစ်ပြီး ဂျပန်နိုင်ငံကို ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေကို ယန်း ၂၀၀,၀၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ % အရ ယန်း ၄,၀၀၀ သတ် မှတ်သွားမှာဖြစ်ပြီး အဆို ပါ ယန်း ၄,၀၀၀ အနက် သက် သာခွင့်အဖြစ် ယန်း ၂,၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၂,၀၀ဝ ပေးဆောင်ရမှာဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ တစ်လပျမ်းမျှဝင်ငွေ ယန်း ၂၀၀၀၀၀ထက် လျော့နည်းရရှိသူ များအနေနဲ့ အထောက်အထားများနဲ့ တင်ပြလာပါက ၎င်းတို့အ တွက် တစ်လပျမ်းမျှဝင်ငွေကို ယန်း ၁၅၀၀၀၀နှုန်း သတ် မှတ်ပြီး ဝင်ငွေခွန် ၂ % အရ ယန်း ၃,၀၀၀ သတ် မှတ်သွားမည်ဖြစ်ပြီးအဆိုပါ ယန်း ၃,၀၀၀ အနက် သက် သာခွင့်အ ဖြစ် ယန်း ၂,၀၀၀ သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တိုကျိုမြို့၊ မြန်မာသံရုံးအနေနဲ့ ဝင်ငွေခွန်ပေးဆောင်မှုဆိုင် ရာပြေစာ အထောက်အထားများ ထုတ်ပေးမှာဖြစ်သလို အ ခွန်ထမ်းနိုင်ငံသားမှ သတ်မှတ်ကာလတစ်ခုအတွင်း သံရုံးမှာပေးဆောင်ခဲ့တဲ့ ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက် အထားလက်မှတ်ထုတ်ပေးဖို့ လျှောက်ထားလာပါက ၎င်းအနေဖြင့် သံရုံးမှာ အမှန်တကယ်ပေးဆောင်ခဲ့တဲ့ ဝင်ငွေခွန်ပမာဏနှင့် ပျမ်းမျှဝင်ငွေပမာဏတို့နဲ့ ထောက်ခံစာထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *