ဂျပန်နိုင်ငံမှာ လေးလောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့တဲ့တရားခံ ဖမ်းဆီးရမိ

ဂျပန်နိုင်ငံတိုကျိုမြို့တော်အနောက်မြောက်ဖက် နကနောမြို့မှာ မေ ၂၅ မွန်းလွဲပိုင်းက လူသတ်မှုဖြစ်ပွါးခဲ့ပါတယ်။

အဲဒီလူသတ်မှုမှာ ရဲတပ်ဖွဲ့ဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး စုစုပေါင်း လူလေးဉီးသေဆုံးတယ်လို့နကနောမြို့ရဲတပ်ဖွဲ့က အတည်ပြုတယ်။

အသက်၃၁နှစ်အရွယ် လူသတ်သမားဟာ ဓားမြောင်အရှည်နဲ့သေနတ်ကိုသုံးပြီး အမှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတစ်ဉီးက ထုတ်ဖော်ပြောကြားတယ်။

အမျိုးသမီးနှစ်ဦးကို ၎င်းက ဓားမြောင်ရှည်နဲ့ ထိုးသတ်ပြီး လိုက်ဖမ်းတဲ့ရဲတပ်ဖွဲ့ဝင်၂ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့ နကနောရဲတပ်ဖွဲ့ကထပ်လောင်းအတည်ပြုတယ်။

အခင်းဖြစ်ပွားပြီး ၁၂နာရီလောက်ကြာမှ မေ၂၆ဒေသစံတော်ချိန် နံနက် ၄နာရီ၃၀မိနစ်လောက်မှာ မြို့စွန်က သူ့အဖေအိမ်မှာပုန်းနေတဲ့ အဓိကသံသယရှိသူကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်။

သူ့အမည်ကို ရဲဖက်က ထုတ်ဖော်ပြောကြားခြင်းမရှိသေးသလို သူဘာလို့ လူသတ်မှုကျူးလွန်တယ်ဆိုတာကို မသိရသေးလို့ သတင်းထောက်တွေအနေနဲ့ ရဲသတင်းစာရှင်းလင်းပွဲကို စောင့်မျှော်နေရဆဲလို့ဆိုတယ်။

Ref: BBC

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *