ဂျပန်နိုင်ငံတစ်ဝန်း ဆိုးရွားလွန်းတဲ့ အပူလှိုင်းဒဏ်ခံနေရ ၁၈၇၅ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးဖြစ်

အပူဒဏ်သက်သာဖို့ ဖန်တီးပေးထားတဲ့ ရေမြူမှုန်တွေအောက်မှာ လာပြီး နားခိုနေတဲ့ တိုကျိုမြို့သူမြို့သားများ

တိုကျို၊ ဇွန် ၂၉

ဒီနေ့ ဂျပန်နိုင်ငံ အနှံ့အပြား ပြင်းထန်လွန်းတဲ့ အပူလှိုင်းကျရောက်တဲ့ဒဏ်ကို အလူးအလိမ့်ခံနေရပါတယ်။ အခုကျရောက်နေတဲ့ အပူလှိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ နီးပါးကာလကနေ့ ဒီနေ့အချိန်အတွင်း အပြင်းထန်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

လက်ရှိကျရောက်နေတဲ့ အပူလှိုင်းရဲ့ အပူရှိန်ကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်တာတွေ ဖြစ်လာနိုင်တဲ့ အတွက် ဓါတ်အားကို ချွေတာသုံးကြဖို့ ကိုလည်း  သတိပေးချက်တွေ ထုတ်ပြန်လျက်ရှိနေပါတယ်။

ဓါတ်အားကို ချွေတာဖို့ နိုးဆော် နေပေမယ့်လည်း အပူလှိုင်မိပြီး ဆေးရုံရောက်လာသူတွေ များလာတာကြောင့် လေအေးပေးစက်ကိုတော့ သုံးကြဖို့ တာဝန်ရှိသူတွေက ပြောနေပါတယ်။

ဂျပန်နိုင်ငံရဲ့ မိုးလေဝသဌာနကလည်း အခုကျရောက်နေတဲ့ အပူလှိုင်းက ရှေ့လာမယ့် သီတင်းပတ်တွေအထိ ဆက်ရှိနေနိုင်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အပူလှိုင်းတွေက လူတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုပို ပြင်းထန်လာပြီး ကြရောက်တဲ့အချိန်လည်း  ပိုပိုပြီးကြာလာတယ်လို့ လည်း ဆိုပါတယ်။

စက်မှုခေတ်ကြီး စတင်လိုက်ချိန်ကစပြီး ကမ္ဘာကြီးဟာ ၁ ဒဿမ ၁ ဒီဂရီဆဲလ်စီးရပ် ခန့်ပူနွေးလာခဲ့ပြီး နိုင်ငံတိုင်းက ဝိုင်းပြီး မထိန်းသိမ်းနိုင်ရင်တော့ ဒီထက်ပိုပြီး မြင့်တက်လာဖွယ်ရှိတယ်လို့ မိုးဇလ ပညာရှင်တွေက ထောက်ပြပါတယ်။

တိုကျိုမြို့မှာ  ပြီးခဲ့တဲ့ ဇွန် ၂၅ ကနေစပြီး ဒီနေ့ ဇွန် ၂၉ ရက်အထိ အပူချိန် ၃၅ ဒီဂရီဆဲလ်စီးရပ်ထိ မြင့်တက်နေဆဲလည်းဖြစ်ပါတယ်။ အနောက်မြောက်ဘက်ဒေသက အိဆေးစကိမြို့မှာတော့ ၁၈၇၅ခုနှစ်ကနေ့ ဒီနေ့အထိ ဇွန်လအမြင့်ဆုံးအပူချိန် ၄၀ ဒဿမ ၂ ဒီဂရီဆဲလ်စီးရပ်ထိ စံချိန်တင် ခဲ့တယ်လို့ သိရပါတယ်။

အပူဒဏ်ကို ကာကွယ်ဖို့ ထီးဆောင်းပြီး သွားလာနေကြတဲ့သူတွေကို ရှိဘူယခရိုင်က လမ်းတစ်နေရာမှာ တွေ့ရပုံ

Ref: Reuters

Photo Credit: GETTY IMAGES,REUTERS

Leave a Reply

Your email address will not be published. Required fields are marked *