ဂျပန်နိုင်ငံက အလုပ်သမားများရဲ့လုပ်ခ လစာ တိုးမြှင့်ရရှိမယိလို့ မျှော်လင့် ရ

ကမ္ဘာ့တတိယစီးပွါးရေးအင်အားအကြီးဆုံးဂျပန်နိုင်ငံမှာ အခုနှစ်စောစောပိုင်းကတည်းက ငွေကြေးဖောင်းပွမှုပမာဏမြင့်တက်တာကို ဂျပန်ဗဟိုဘဏ်က မထိန်းချုပ်နိုင်လို့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထက် ပိုပြီးတက်လာတာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ကုန်တိုက်တွေမှာ ဝယ်လိုအားကျလာခဲ့တယ်။

မတ်လထဲမှာ ကုန်ဈေးနှုန်းတွေထပ်တက်လာတော့သက်ဆိုင်ရာစီးပွါးရေးလုပ်ငန်းတွေ ကုမ္ပဏီတွေကိုဝန်ကြီးချုပ်ဖုမိအောကိရှိဒက ဝန်ထမ်းတွေအတွက်လစာအကျိုးခံစားခွင့်အဆင်ပြေအောင်ညှိနှိုင်းပေးဖို့ ပန်ကြားခဲ့ရတယ်။

ကုမ္ပဏီအုပ်စုကြီးတွေက ဝန်ထမ်းလစာတိုးပေးဖို့ သဘောတူညီလိုက်ကြတယ်လို့ လွန်ခဲ့တဲ့အပတ်ထဲမှာ ဂျပန်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ကြေညာတယ်။

တိုယိုတာနဲ့ဟွန်ဒါကုမဏီ(၂)ခုက လစာနည်းတဲ့ဝန်ထမ်းငယ်တွေကို အပိုဆုကြေးငွေပေးဖို့ စီစဉ်နေပါပြီ။တခြားကုမ္ပဏီတွေအများစုမှာလည်း လစာ ဆုကြေး အချိန်ပိုကြေးတွေ တိုးပေးဖို့ စီစဉ်နေကြတယ်။

ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ခံစားနေရတဲ့ ဂျပန်နိုင်ငံရဲ့လူမှုအကြပ်အတည်းကို အလုပ်သမားလုပ်ခလစာတွေတိုးမြှင့်ရရှိမယ့် နောက်လထဲမှာ အနည်းနဲ့အများဖြေလျော့ပေးနိုင်ပါလိမ့်မယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *