တိုကျို၊ မတ် ၁၅
ဆူနာမီဒဏ်ခံရပြီးတဲ့နောက် ယာယီ ပိတ်ထားတဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံကနေ ရေဆိုးတွေ စွန့်ထုတ်တာကို ဆိုင်းငံ့ထားတယ်လို့ စက်ရုံအော်ပရေတာက မတ်လ ၁၅ရက်မှာ ထုတ်ပြန်ကြေငြာခဲ့တယ်လို့ သိရပါတယ်။
၂၀၁၁ခုနှစ် ဆူနာမီလှိုင်းလုံးကြီးကြောင့် ပျက်စီးသွားတဲ့ အပြင် စက်ရုံရဲ့ အရှေ့မြောက်ပိုင်း ဖူကူရှီးမားဒေသရဲ့ ကမ်းရိုးတန်းမှာ ပြင်းအား ၅ ဒသမ ၈ အထိ အဆင့်ရှိ တဲ့ လှုပ်ခတ်မှုဒဏ်ကိုလည်း ခံခဲ့ရသေးတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။
လတ်တလောမှာတော့ “ဘေးကင်းလုံခြုံစေဖို့ အတွက်၊ ကျွန်တော်တို့ဟာ ကြိုတင်သတ်မှတ်ထားတဲ့ လုပ်ငန်းလည်ပတ်မှုလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စက်ရုံတွေရဲ့ လည်ပတ်မှုကို ဆိုင်းငံ့ထားလိုက်ပြီ” လို့လည်း တာဝန်ရှိသူက ပြောပါတယ်။
သဘာဝဘေးတွေ ခံရပြီးတဲ့နောက် ပျက်စီးခဲ့တဲ့ ဖူကူရှီးမားဒိုင်အိချိစက်ရုံဟာ မူမမှန်မှုတွေ ဆက်တိုက် ဖြစ်လာခဲ့တယ်လို့လည်း ဂျပန်နျူကလီးယားထိန်းချုပ်ရေးအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
၂၀၂၃ခုနှစ် သြဂုတ်လက ပစိဖိတ်သမုဒ္ဒရာထဲကို ဖူကူရှီးမားဒိုင်အိချိမှာ လာစုနေတဲ့ အိုလံပစ်ရေကူးကန်ပေါင်း ၅၄၀စာ စွန့်ပစ်ရေတွေကို စပြီး စွန့်ပစ်ခဲ့တာမို့ ဒီလုပ်ရပ်က ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ်တွေထဲက တစ်ခုဆိုပြီး နိုင်ငံအတော်များများက ဝိုင်းကန့်ကွက်ခဲ့ကြပါတယ်။
Ref: AFP
ပုံစာ။ သမုဒ္ဒရာထဲ့ စွန့်ပစ်ရေဆိုးတွေ ပိုက်သွယ်တန်းပြီး စွန့်ပစ်နေပုံ
Feature Image Credit: Kyodo via Reuters) …see more



