ဂျပန်နစ်ဆန်းနဲ့ ပြင်သစ်ရီနောတို့ ပူးပေါင်းပြီး  အိန္ဒိယ ကားဈေးကွက်မှာ အမေရိကန်ဒေါ်လာ သန်း၆၀၀ ရင်းနှီး မြုပ်နှံဖို့ပြင်

နစ်ဆန်း လျှပ်စစ်ကားတစ်စီး ကို တွေ့ရပုံ
Photo Creddit : Alibaba.com

တိုကျို၊ ဖေဖေါ်ဝါရီ ၁၃

ထိပ်တန်းကားကုမ္ပဏီတွေ ဖြစ်တဲ့ ဂျပန်က နစ်ဆန်းနဲ့ ပြင်သစ်က ရီနော ကားကုမ္ပဏီကြီး နှစ်ခုဟာ  အိန္ဒိယမှာ  မော်ဒယ်အသစ် ကားခြောက်မျိုးထုတ်လုပ်ဖို့  အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံမယ့်အကြောင်း ဖေဖေါ်ဝါရီ ၁၃ရက် တနင်္လာနေ့ မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရင်းနှီးမြုပ်နှံမယ့် ဂျပန်နဲ့ ပြင်သစ် မော်တော်ကားထုတ်လုပ်သူတွေကအိန္ဒိယက ချန်နိုင်းမြို့ ( အရင် မဒရပ်မြို့) က အခြေစိုက်စခန်းတွေမှာရှိတဲ့  ပရောဂျက်တွေကို  ပို့ကုန်အဓိက ဈေးကွက်ပုံစံကို ပြောင်းလဲသွားမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မော်ဒယ်ခြောက်ခုကို ပူးတွဲထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့ရောင်းချမှာလို့လည်း ထုတ်ပြန်ပါတယ်။

မော်ဒယ်အသစ်တွေထဲမှာ လျှပ်စစ်ကားနှစ်မျိုး၊ ပူးတွဲအိန္ဒိယကုမ္ပဏီက  ပထမဆုံး အီးဗွီလျှပ်စစ်ကား(EV) နဲ့ အားကစားသုံးယာဉ် (SUV) လေးမျိုး ပါဝင်မယ်လို့ သိရပါတယ်။

မော်တော်ကားထုတ်လုပ်သူတွေက ပြီးခဲ့သောအပတ်ကပဲ ဒီဇိုင်းပြန်ထုတ်ထုတ်ထားတဲ့ ဂျပန်၊ပြင်သစ်၊အိန္ဒိယ ပူးတွဲထုတ်လုပ်သူ မဟာမိတ်အဖွဲ့ရဲ့  အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြခဲ့သလို လက်တင်အမေရိက၊ အိန္ဒိယနဲ့ ဥရောပ ဈေးကွက်တွေ အတွက်  ပူးတွဲပရောဂျက်အသစ်တွေရဲ့ အသေး စိတ်အချက်အလက်တွေကိုလည်း ပွင့်လင်းမြင်သာအောင် ချပြထားတယ်လို့ သိရပါတယ်။

Ref: Reuters/gs

Leave a Reply

Your email address will not be published. Required fields are marked *