တိုကျို၊ စက်တင်ဘာ ၂၆
ဒေသတွင်း မီဒီယာတွေရဲ့ သတင်းစကားအရ စက်တင်ဘာ ၂၅ရက်နေ့က ဂျပန်စစ်ရေယာဥ်တစ်စင်း ထိုင်ဝမ် ရေလတ်ကြားကို ပထမဆုံးအကြိမ် ဖြတ်ပြီး မောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။
မကြာသေးတဲ့ ရက်ကလည်း ထိုင်ဝမ်နားက ဂျပန်ကျွန်းစုနှစ်ခုကြားကနေ တရုတ်စစ်ရေယာဥ်တစ်စင်း ဖြတ်သွားသေးတယ်လို့ ဆိုပါတယ်။
ဂျပန်ထိပ်တန်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီက စစ်ရေးအရ စစ်ဆင်ရေးတွေကို စိုးရိမ်တဲ့အတွက် ပုံမှန်ရှင်းလင်းပွဲတစ်ခုမှာ အခု အဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ကီလိုမီတာ ၁၈၀ (မိုင် ၁၁၀ကျော်) ရှည်လျားတဲ့ ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာရေလမ်းအဖြစ် သတ်မှတ်ခဲ့လို့ တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။
ဂျပန်စစ်ရေယာဉ် 80Sazanami ဖျက်သင်္ဘောဟာ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံက စစ်ရေယာဉ်တွေနဲ့အတူ စက်တင်ဘာ ၂၅ရက် ဗုဒ္ဓဟူးနေ့မှာ မကြုံစဖူး ဖြတ်သန်းသွားလာခဲ့ကြတယ်လို့ ဂျပန်မီဒီယာတချို့က ပြောပါ တယ်။
တစ်ချိန်တည်းမှာ ဒီသုံးနိုင်ငံစုဖွဲပြီး တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
Ref:AFP
ပုံစာ။ ထိုင်ဝမ်ရေလတ်ကြားကို ဖြတ်နေတဲ့ ဂျပန်စစ်ရေယာဉ်ကို တွေ့ရပုံ
Feature Image Credit: photo: AP/Ng Han Guan



