တိုကျို၊ မတ် ၁၃
ဂျပန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ဒုံးပျံတစ်စင်း ဒီနေ့ မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့ မှာ လွတ်တင်ပြီးပြီးချင်း ပေါက်ကွဲခဲ့ပြီး NHK ရုပ်သံလိုင်က မီးလောင်ပေါက်ကွဲသွားတာကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။
တိုကျိုအခြေစိုက် Space One ဟာ ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲကို အောင်မြင်စွာ လွှတ်တင်နိုင်တဲ့ ပထမဆုံး ဂျပန်ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ဒုံးပျံဟာ ဂျပန်နိုင်ငံအနောက်ပိုင်းဒေသ ဝါကာယာမာ စီရင်စုမှာရှိတဲ့ ကုမ္ပဏီပိုင် အာကာသစခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပြီး အစိုးရပိုင် ဂြိုလ်တုအသေးစားတစ်လုံးကိုတင်ဆောင်သွားခဲ့တယ်လို့သိရပါတ
လွှတ်တင်ပြီး စက္ကန့်ပိုင်းအကြာမှာတော့ ဒုံးပျံဟာ မီးခိုးလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာပြီး အနက်ရောင်မီးခိုးငွေ့တွေဟာ ပစ်လွှတ်တဲ့နေရာကို ဖုံးလွှမ်းသွားပါတယ်။
မီးလောင်နေတဲ့ အပျက်အစီးတွေကို ပတ်ဝန်းကျင်တောင်စောင်းတွေပေါ်ကို လွှင့်စင်သွားတာလည်း ရုပ်သံမှာ တွေ့ရပါတယ်။
ကုမ္ပဏီရဲ့ ပြောပြချက်အရ လွှတ်တင်ပြီးတဲ့ နောက် ပျံသန်းမှုက ရပ်သွားခဲ့တယ်လို့ Space One က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်း၊ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိ အတိအကျ မသိရသေးပါဘူးလို့ သိရပါတယ်။
Ref: cna
ပုံစာ။ ပေါက်ကွဲသွားတဲ့ ဒုံးပျံကို လွတ်တင်ပြီးပြီးချင်း တွေ့ရပုံ
Feature Image credit: AFP



