၂ ဒီဇင်ဘာ ၊၂၀၂၃
ဂျပန်နိုင်ငံက စက်ရုံတွေကနေ မြန်မာလုပ်သား ၈၀၀ ကျော် ခေါ်ဖို့ ရှိနေတယ်လို့ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (တိုကျို) က ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံက စက်ရုံတွေမှာ ခန့်ထားဖို့ အလုပ်သမားခေါ်ယူတဲ့ ကမ်းလှမ်းစာ (၂၈၈) စောင်လက်ခံရရှိထားပြီး စိစစ်ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ဖို့ လျှောက်ထားသူဦးရေ များလာပြီး ကျွမ်းကျင်အလုပ်သမားဗီဇ နဲ့ ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းတွေ၊ဟော်တယ်နဲ့စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ကမ်းလှမ်းစာအရ ခေါ်ယူမယ့် အလုပ်သမားဦးရေထဲမှာ အမျိုးသမီး၅၀၀ကျော် ပါဝင်နေတယ်လို့ ဆိုပါတယ်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ( Demand Letter ) တွေကို အချိန်နဲ့ တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ပုံစာ။ ဂျပန်သင်တန်းကျောင်းတခုကသင်တန်းသားတွေရွှေတိဂုံဘုရားပေါ်လာရောက်လည်ပတ်နေပုံ။



