ဂေါကော တရုတ်တက္ကသိုလ်ဝင်စာမေးပွဲ ၂၇ကြိမ် ဝင်ဖြေပြီးမအောင်သေးတဲ့လူ

တရုတ်နိုင်ငံမှာ ကျင့်သုံးတဲ့ပညာရေး စ နစ်အရ ဂေါကောလို့ခေါ်တဲ့တက္ကသိုလ်ဝင် တန်းစာမေးပွဲမှာ အမှတ်ကောင်း ကောင်းနဲ့အောင်မှ တက္ကသိုလ်ကောင်းကောင်း တက်ခွင့်ရပါတယ်။

ဖြေဆိုရတဲ့ဘာသာရပ်က လေးခုရှိတယ်။ တ ရုတ်ဘာ သာ၊သချာၤ၊အဂ်လိပ်စာနဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ တွေပါဝင်တဲ့ သိပ္ပံတွဲ သို့မဟုတ် နိုင်ငံရေး၊ သမိုင်းနဲ့ပထဝီတွေ ပါ ဝင်တဲ့ ဝိဇ္ဇာတွဲတွေပဲ ဖြစ်ပါတယ်။

တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အဲဒီတက္က သိုလ်ဝင်စာမေးပွဲကို စီချွမ်ပြည်နယ်က လျန်ရှီးဆိုတဲ့လူဝင်ဖြေတာ ၂၇ကြိမ်ရှိခဲ့ပေ မယ့် ဒီနှစ်မှာလည်း မအောင်သေးလို့စိတ်ပျက်နေမိကြောင်း အင်တာနက်လူမှု ကွန်ရက်မှာလွှင့်တင်ထားတယ်။

ဒီစာမေးပွဲဖြေရင်းနဲ့ ကြုံရာအလုပ်ဝင်လုပ် အိမ်ထောင်ရက်သားကျပြီး ကလေးတစ် ယောက်တောင်ရနေတဲ့ အသက်၅၆နှစ် အရွယ် လျန်ရှီးဟာ ဇွဲမလျှော့သေးဘဲ နောက်နှစ်လည်း စာမေးပွဲထပ်ဖြေဦးမယ် လို့ပြောပါတယ်။

Ref: CNN

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *