ကာနေလိုးနေ့စ်၊ ဩဂုတ် ၃၀
ဂူဂဲ့လ်က သူ့ရဲ့ လက်တင်အမေရိကဒုတိယမြောက် ဒေတာစင်တာကို ဥရုဂွေးနိုင်ငံ ကာနေလိုးနေ့စ်မှာ ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရင်းနှီးမြုပ်နှံလိုက်တဲ့ ငွေကတော့ အမေရိကန်ဒေါ်လာ ဒေါ်လာ သန်း ၈၅၀ ကျော်လို့ ဩဂုတ်လ ၂၉ရက်နေ့က ထုတ်ပြန်ပါတယ်။
ဂူဂဲလ်က ၂၀၁၅ခုနှစ်မှာ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂို နားက ကီကူလာမှာ ပထမဆုံးဒေတာစင်တာကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒိစင်တာအတွက် ကနဦးပမာဏ ဒေါ်လာသန်း၁၅၀ ရင်းနှီးမြှပ်နှံခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ နောက်ထပ် သန်း၁၄၀ ထပ်ပြီး မြုပ်နှံခဲ့ပါတယ်။
” ကာနေလိုးနေ့စ်က ဒေတာစင်တာအသစ်ဟာ ဥရုဂွေးနဲ့ ဒေသတစ်ခုလုံးရဲ့ ပရော်ဖက်ရှင်နယ်နဲ့ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ဂူဂဲလ်က သူ့ရဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
ဂူဂဲလ်ဟာ ဗီယက်နမ်က ဟိုချီမင်းစီးတီးနားမှာလည်း ဒေတာစင်တာကြီး တစ်ခုဆောက်ဖို့ စီစဥ်နေပြီး ၂၀၂၇ခုနှစ် မှာ ပြီးမယ်လို့ ပြောပါတယ်။ အလားတူ အမေရိကန်နိုင်ငံ အင်ဒီယားနားအပါအဝင် မလေးရှားနိုင်ငံမှာလည်း ဒေတာ စင်တာ ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ဂူဂဲလ်ရဲ့ ဒေတာစင်တာတစ်ခုကို တွေ့ရပုံ
Feature Image credit: TechRadar



