လန်ဒန်၊ ဖေဖေါ်ဝါရီ ၁
နည်းပညာကုမ္ပဏီ ဂူဂဲလ်ဟာ နယ်သာလန်က ကြီးမားတဲ့ ကမ်းလွန်လျှပ်စစ်ဓာတ်အားပေးရေး ပရောဂျက်မှာ ပါဝင်ဖို့ သဘောတူညီချက်ကို ဇန်နဝါရီ နောက်ဆုံးအပတ်ထဲမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ဂူဂဲလ်ရဲ့ ထုတ်ပြန်ချက်အရ စွမ်းအင်ထောက်ပံ့မှုနဲ့ ရာသီဥတုဆိုင်ရာ ပစ်မှတ်တွေကို ပိုပြီး စိမ်းလန်းစေလိုတဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့်ပဲ နယ်သာလန်ကမ်းလွန်က ကမ်းလွန်လေအားစီမံကိန်းတွေနဲ့ ကြီးမားတဲ့ လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူညီချက် (PPA) ကို လက်မှတ်ရေးထိုးခဲ့တာ ပါလို့ ဖေဖေါ်ဝါရီ ၁ရက် ကြာသ ပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။
ဂူဂဲလ်ဟာ စွမ်းအင်ကုမ္ပဏီတွေ ဖြစ်တဲ့ Shell နဲ့ Dutch utility Eneco တို့အကြား ဖက်စပ်ထုတ်လုပ်တဲ့ လေအားလျှပ်စစ်စက်ရုံအသစ်နှစ်ခုကနေ စွမ်းအင် ၄၇၈ မဂ္ဂါဝပ် (MW) ကို ရနိုင်ဖို့ရာ သဘောတူညီခဲ့ကြတယ်လို့ လည်း သိရပါတယ်။
အီတလီ၊ ပိုလန်နဲ့ ဘယ်လ်ဂျီယံတို့ကလည်း ပြန်လည်ပြည့်ဖြိုးမြဲ PPAs တွေကို ထုတ်ပြန်ကြေညာခဲ့ပေမယ့် လည်း ဘဏ္ဍာရေးအသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။
“၂၀၃၀ခုနှစ်မှာ ၂၄ နာရီပတ်လုံး ကာဗွန်ကင်းစင်တဲ့ စွမ်းအင်ကို လည်ပတ်သုံးစွဲနနိုင်ဖို့ ရည်မှန်းထားတာမို့ လက်တွေ့မှာလည်း သန့်ရှင်းတဲ့ စွမ်းအင်ဖြေရှင်းချက် မလွဲမသွေ လိုအပ်တယ်” လို့ ဂူဂဲလ် ဥက္ကဌ မတ် ဘရစ်တင်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Ref; Reuters
ပုံစာ။ နယ်သာလန်က ကမ်းလွန်လေစွမ်းအား ပရောဂျက်ကို တွေ့ရပုံ
Feature Image Credit: IEA wind TCP



