ဂျိုဟန်နစ္စဘတ်၊ ဖေဖေါ်ဝါရီ ၂၉
ဂါနာပါလီမန်ဟာ နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေတဲ့ အငြင်းပွားဖွယ်ရာ လိင်တူဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေကြမ်းကို ဖေဖေါ်ဝါရီ ၂၈ ဗုဒ္ဓဟူးနေ့မှာ တညီတညွတ်တည်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
“သုံးနှစ်ကြာပြီးတဲ့နောက် နောက်ဆုံးမှာ ဥပဒေကို အတည်ပြုလိုက်ပါပြီ” လို့ X မီဒီယာ (Twitter ) ကနေတစ်ဆင့် ဥပဒေကြမ်း အဓိကပံ့ပိုးကူညီသူတဦးဖြစ်တဲ့ ဆမ် ဂျောာက က ပြောဆို လိုက်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး ပါလီမန်မှာ စတင်မိတ်ဆက်ခဲ့တဲ့ အဲ့ဒိ ဥပဒေမူကြမ်းဟာ LGBTQ ဆက်ဆံရေးတွေကိုသာမက LGBTQ အခွင့်အရေးတွေအတွက် ပံ့ပိုးပေးသူတွေကိုပါ ရာဇ၀တ်မှုမြောက်စေမှာ ဖြစ်ပါတယ်။
မကြာသေးမီက CNN ရဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုမှာ အကျိုးအမြတ်မယူတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုနဲ့ လိင်တူချစ်သူများဆိုင်ရာ ဥပဒေများ ရေးဆွဲရေးတို့ကြား ဆက်စပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေ ပေမယ့် အဲဒိအဖွဲ့က ငြင်းထားတယ် သိရပါတယ်။
လက်ရှိဥပဒေကြမ်းဟာ ဥပဒေဖြစ်မလာမီ သမ္မတက လက်မှတ်ထိုးဖို့ လိုအပ်နေပါသေးတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗော်လကာ တပ်ခ် ကတော့ ပါလီမန်က ဥပဒေကြမ်းကို အတည်ပြုလိုက်တာက “စိတ်အနှောက်အယှက်ဖြစ်စေတယ်” လို ပြောဆိုသလို ဂါနာအစိုးရ အနေနဲ့ ဥပဒေအဖြစ်လက်မှတ်ရေးထိုး တာမျိုး မလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
Ref:CNN
ပုံစာ။ ဂါနာလွှတ်တော်ကို တွေ့ရပုံ
Feature Image credit: Francis Kokoroko/Reuters



