တဲလ်အဗစ်၊ အောက်တိုဘာ ၁၈
သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဟားမတ်စ်နဲ့ အစ္စရေး စစ်ပွဲကို အခုထက် ပိုပြီး ကြီးမားတဲ့ ပဋိပက္ခလမ်းကြောင်းပေါ်ကို မရောက် စေဘဲ တားဆီးနိုင်ဖို့ အောက်တိုဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံ တဲလ်ဗစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
မကြာခင်ကပဲ ဂါဇာကမ်းမြှောင်က ဆေးရုံတစ်ရုံ ပေါက်ကွဲပြီး လူရာပေါင်းများစွာ သေဆုံးခဲ့တဲ့အပေါ် အရှေ့ အလယ်ပိုင်း ဒေသတွင်းမှာ ဒေါသတွေ ပိုပြီး ပြင်းထန်လာနေပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ ပထမ အစီအစဥ်က ဂျော်ဒန်နိုင်ငံကို အရင် သွားဖို့ ဖြစ်ပေမယ့် မမျှော်လင့်ဘဲ ပိုဆိုးလာတဲ့ ဂါဇာတိုက်ပွဲ အခြေအနေတွေကြောင့် အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ကို ခေတ္တရပ်ဆိုင်းခဲ့ပြီး အစ္စရေးကို ရောက်လာခဲ့တာလို့ ဆိုပါ တယ်။
လက်ရှိမှာတော့ သမ္မတ ဘိုင်ဒန်ရဲ့ တစ်ခုတည်းသော ရပ်တည်မှုက တဲလ်အဗစ်ဖြစ်ပြီး၊ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာ ဟုနဲ့ တွေဆုံတဲ့အခါ ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အချိန်မီဝင်ခွင့်ရဖို့ တွန်းအား ပေး လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
တစ်ဘက်မှာ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်တိုက်ခိုက်ဖို့လည်း အသင့်ပြင်နေတဲ့ အနေအထားမှာ ရှိနေပြန်ပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဗီ ရဲ့ သတင်းထောက်တွေကို ပြောပြချက်အရ သမ္မတ ဘိုင်ဒန်ဟာ “မြေပြင်အခြေအနေအပေါ် အစ္စရေးတို့ရဲ့ သဘောထားသိရဖို့ လုပ်ပါမယ် ပြီးတော့ ခက်ခဲတဲ့ မေးခွန်းတွေ လည်း မေးလိမ့်မယ်” လို့ သိရပါတယ်။
Ref: AP/at