ဂျေရူစလင်၊ နိုဝင်ဘာ ၂၈
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးခါနီးရက်မှာပဲ ထပ်ပြီး နှစ်ရက် သက်တမ်း တိုး လိုက်တယ်လို့ ဖျန်ဖြေသူ ကာတာနိုင်ငံကနိုဝင်ဘာ ၂၇ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
ပါလက်စတိုင်းအုပ်စုဘက်ကလည်း ဓားစာခံတွေ လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုတဲ့ အရေအတွက် ဖြစ်လာဖို့ လမ်းစလို့ ဆိုပါတယ်။
နောက်ဆုံးညှိုနှိုင်းသဘောတူညီထားတဲ့ အချက်တွေအရဆို အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့တို့ကြား စစ်ပွဲကို ဆက်ပြီး ခေတ္တရပ်ထားမှာ ဖြစ်ပါတယ်။၊ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ပဋိပက္ခထဲမှာ လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ဓားစာခံ ၂၄၀ နီးပါး ဟားမတ်စ်တို့ရဲ့ ဖမ်းဆီးသွားတာ ခံခဲ့ရပါတယ်။
ပထမအကြိမ် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေး စခဲ့တဲ့ နိုဝင်ဘာ ၂၄ရက် သောကြာနေ့ကစပြီး နေ့တိုင်း အစ္စရေးက ပါလက်စတိုင်းတချို့ကို လွှတ်ပေးခဲ့ပြီး ဟားမတ်စ်ကလည်း ဓားစာခံတချို့ကို လွှတ်ပေးနေတာ ဖြစ်ပါတယ်။
လွတ်မြောက်လာသူ ဓားစာခံ ၁၀ ဦးတိုင်းအတွက် အပစ်အခတ်ရပ်စဲရေးကို တစ်ရက်ထပ်တိုးပေးမယ်လို့ အစ္စရေးက ပြော ဆို ထားတာ ဖြစ်ပါတယ်။
“ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေတ္တရပ်နားမှုကို နောက်ထပ်နှစ်ရက် သက်တမ်းတိုးဖို့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါပြီ” လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုရှယ် မီဒီယာပလက် ဖောင်းပေါ်မှာ X. Hamas ကလည်း နှစ်ရက်တာ သက်တမ်းတိုးဖို့ သဘောတူခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေးဘက်က ချက်ခြင်း မှတ်ချက်ပေးတာမျိုး မရှိပေမယ် နှစ်ဘက် သဘောတူညီချက်တစ်ခု ရခဲ့တယ် ဆိုတာကိုတော့ အိမ်ဖြူတော် အရာရှိတစ်ယောက်က အတည်ပြုခဲ့ပါတယ်။
Ref: Reutrs
ပုံစာ။ လွတ်မြောက်လာတဲ့ ဓားစာခံတချို့ကို တွေ့ရပုံ
Feature Image Credit: BBC



