ဂါဇာမှာ တိုက်ပွဲအတွင်း သေဆုံးသူ ၃၀၀၀၀ကျော်လာ

ကိုင်ရို၊ ဖေဖော်ဝါရီ ၂၉

ဂါဇာဒေသမှာ စစ်ပွဲကြောင့် သေဆုံးသူ ၃၀၀၀၀ကျော်သွားပြီလို့ သိရပါတယ်။ အဲဒိအထဲမှာ အကူညီတောင်းနေရင်း အကူညီ အချိန်မီမရပဲ သေဆုံးခဲ့ရတဲ့သူ ၁၀၀ကျော်လည်း ပါတယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ရက်စွဲဖော်ပြမထားတဲ့ မကြာသေးခင်က ဂါဇာမြို့အနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုတည်းမှာတင် အနည်းဆုံး လူ ၁၁၂ ယောက် သေဆုံးပြီး ၂၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒီလို အရပ်သားတွေ အသက်ဆုံးရှုံးမှုဟာရက်သတ္တပတ်တွေအတွင်း အကြီးမားဆုံးပမာဏ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ ရည်ရွယ်တဲ့ ကာတာ ဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်ကြောင်း ဟားမတ်စ်က ပြောဆိုလိုက်ပါတယ်။

အလားတူပဲ ဒီသေဆုံးမှုက ဆွေးနွေးပွဲကို ရှုပ်ထွေးစေမယ်လို့ ထင်သလားလို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်ကို သတင်း ထောက်တွေက မေးတဲ့ အခါမှာလည်း “ဒါဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ် လို့ ပြန်ဖြေခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေရဲ့  ပြောကြားချက်အရ စစ်ပွဲ ၅ လနီးပါးမှာ သေဆုံးသူ ၃၀၀၀၀ ကျော်ရှိလာပြီမို့ ဒီလို ဒဏ်ကို ရေရှည် တောင့်ခံဖို့ မလွယ်တော့ကြောင်းလည်း ပြေဆိုနေကြတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ဆေးကုသခံဖို့ စောင်နေတဲ့ ပါလက်စတိုင်း လူငယ်တချို့

Feature Image Credit: AFP

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *