ဝါရှင်တန်၊ နိုဝင်ဘာ၁၀
အမေရိကန်က ဖိအားပေးပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ ဂါဇာမှာလုပ်နေတဲ့ ထိုးစစ်တွေကို ခဏ ရပ်ပေးဖို့ အစ္စရေးက သဘောတူခဲ့တဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၉ရက်က ပြောဆို လိုက်ပါ တယ်။
ဒါဟာ အရပ်သားတွေကို တိုက်ပွဲတွေကနေ ထွက်ပြေးခွင့်ရပြီး ဒုက္ခရောက်နေတဲ့ ဒေသတွေဆီကိုလည်း အကူအညီတွေ ပိုရစေမယ့် လမ်းကြောင်းမှန်ပေါ် ခြေလှမ်းလှမ်းလိုက်တာ ဖြစ်တယ်လို့ လည်း သမ္မ ဘိုင်ဒန်က ပြောပါတယ်။
အပစ်ရပ်သဘောတူညီချက်အရ ဂါဇာမြောက်ပိုင်းမှာ နေ့စဉ် လေးနာရီကြာ ခေတ္တအပစ်ရပ်ထားမှာ ဖြစ်ပြီး အပစ်မရပ်ခင် သုံးနာရီ ကြို သတိပေးမယ်လို့လည်း အိမ်ဖြူတော်က ဆိုပါတယ်။
သမ္မတဘိုင်ဒင်ဟာ အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုနောက်ပိုင်း တစ်လကျော်ကြာ လာတဲ့ စစ်ပွဲမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကို တွန်းအားပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းနှစ်ခုကို ဂါဇာကမ်းမြောင်ဒေသက လူတွေထွက် ပြေးနိုင်ဖို့ ဖွင့်ပေးထားမယ်လို့ သိရပါတယ်။
“ဒီခေတ္တရပ်တာက အရပ်သားတွေကို တိုက်ပွဲတွေကနေ ဝေးရာကို၊ ပိုလုံခြုံတဲ့နေရာတွေဆီကို ရောက်အောင် ကူညီပေး ပါလိမ့်မယ်။ သူတို့ဟာ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ခြေလှမ်းတစ်ခုပါပဲ။ လို့ ဝါရှင်တန်က ပြောပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကီဘီက ဂါဇာကမ်းမြောင်ထဲက အရပ်သားတွေ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေတ္တရပ်ဖို့ စင်္ကြံတွေ ထားပေးမယ်လို့လည်း ကတိပြုထားပါတယ်။
“အစ္စရေးအနေနဲ့ ဂါဇာမြောက်ပိုင်းဒေသတွေမှာ လေးနာရီကြာ ရပ်နားထားရမှာဖြစ်ပြီး ၃ နာရီကြိုတင်ကြေ ချက်ထုတ်ပြန် သွားမှာပါ” ဆိုပြီးလည်း ဂျွန် ကီဘီက သတင်းထောက်တွေကို ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: AFP/fs/cm
ပုံစာ။ ဂါဇာဘက်ကို ထိုးဖောက်ဝင်ရောက်နေတဲ့ အစ္စရေး တင့်ကားတစ်စီး
Feature Image Credit: AFP/Yuri Cortez)