ဂါဇာမြို့တော်ရဲ့ အလယ်ဗဟို အချက်အချာမှာ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေပြီလို့ အစ္စရေးပြော

ဂါဇာ၊ နိုဝင်ဘာ၈

အစ္စရေးစစ်သားတွေဟာဂါဇာ ဟားမတ်စ် အကြမ်းဖက်သမားတွေအပြင် သူတို့ရဲ့ တပ်မှူးတွေ၊ အခြေ ခံ အဆောက် အအုံ တွေ၊ ဗုံးခိုကျင်းတွေ နဲ့ ဆက်သွယ်ရေးစခန်းစတာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး  ယို့ ဖ် ဂါးလန့်  က ပြောဆိုလိုက်ပါတယ်။

ပါလက်စတိုင်းနယ်မြေထဲမှာ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ မိမိတို့ တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြို့တော်မှာနက်နက် ရှိုင်းရှိုင်း စစ် ဆင်ရေးလုပ်ဆောင်နေတယ်လို့ နိုဝင်ဘာ ၇ရက်  အင်္ဂါနေ့ မှာ ပြောဆို ခဲ့ပြီး စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဘန်ကာတစ်ခုထဲမှာ ပိတ်မိနေတယ်လို့ လည်း ဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့ မြောက်ပိုင်းက ဟားမတ်စ်တွေရဲ့ အမာခံနယ်မြေကို အာရုံစိုက် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယို့ ဖ် ဂါးလန့်  က ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲ တစ်ခုမှာ အစ္စရေးစစ်သားတွေက ဂါဇာကမ်းမြောင်မြို့လယ်ကို  ချီတက် ထိုးစစ်ဆင်နေကြပြီး အကွက်ကျကျ ဝိုင်းရံ ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဂါဇာက ဟားမတ်စ်ရဲ့ အကြီးတန်းခေါင်းဆောင်  ယာဟာ ဆင်ဝါ ဟာ  ဘန်ကာထဲမှာ ပိတ်မိနေ   တယ်လို့ သိရပါတယ်။ သူဟာ အစ္စရေးအရပ်သား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို တိုက်ခိုက်သတ်ဖြတ်ဖို့  လွန်ခဲ့တဲ့ တစ်လ က  ဆုံးဖြတ်ချက်ချခဲ့သူ ဖြစ်တယ်လို့ အစ္စရေးဘက်ကပြောပါတယ်။

မြို့အောက်ဘက်မှာ  စာသင်ကျောင်းတွေအပြင် ဆေးရုံတွေနဲ့  သွယ်တန်းထားတဲ့လိုဏ်ခေါင်းတွေ ကီလိုမီတာများစွာ ရှိနေပြီး လက်နက်သိုလှောင်ရုံတွေ၊ ဆက်သွယ်ရေးအခန်းတွေသာမက စစ်သွေးကြွတွေအတွက် ခိုအောင်းဖို့ရာနေရာတွေ လည်း ရှိနေတယ်လို့ ဝန်ကြီး ယို့ ဖ် ဂါးလန့်   ပြောပါတယ်။

“ဟားမတ်စ်တွေ နာရီတိုင်း၊ နေ့စဉ်နဲ့အမျှ ဖိအားတွေ တိုးလာနေပါတယ်။ အခုအချိန်အထိ၊ မြေပြင်နဲ့ မြေအောက်က အကြမ်းဖက်သမား တွေကို သတ်ဖြတ်ခဲ့ပြီးပါပြီ” လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ရုပ်မြင်သံကြား ကနေတစ်ဆင့်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: Reuters/mi

ပုံစာ။ : ဂါဇာက မြေပြင်စစ်ဆင်ရေးတစ်ခုမှာ တွေ့ရတဲ့ အစ္စရေးစစ်သားတချို့

Feature Image Credit: Handout/Israeli Defence Forces via Reuters)

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *