ဂါဇာ၊ နိုဝင်ဘာ ၉
ဂါဇာကမ်းမြောင်ဒေသကို မြေပြင် တိုက်ခိုက်မှုတွေအပါအဝင် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပါလက်စတိုင်းသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစ္စရေးကလည်း ဓားစာခံတွေ လွှတ်မပေးဘဲ အပစ်အခတ်ရပ်စဲရေးစကားကို မပြောဘူး လို့ထပ်ပြီး ငြင်းဆိုလိုက်ပါတယ်။
ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ကို မဆုတ်မနစ် ဗုံးကြဲတိုက်ခိုက်တာတွေ အပြင် မြေပြင်ကျူးကျော်တိုက်ခိုက်တာတွေနဲ့ပါ လက်တုံ့ပြန်နေချိန်မှာ ဟားမတ်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက် အရ လူပေါင်း ၁၀၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက ကလေးငယ်တွေလို့ ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေထပ်ပေး ဖို့ ဟားမတ်စ်တို့နဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အပစ်အခတ်ရပ်စဲရေး အလားအလာ တွေကိုလည်း ထပ်ပြီး ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ဂါဇာကမ်းရိုးတန်းက လူ ၅၀၀၀၀ လောက် ဂါဇာတောင်ဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
“ဂါဇာ မြောက်ပိုင်းကနေ ဂါဇာတောင်ပိုင်းကို လူ ၅၀၀၀၀ လောက် ရွှေ့ပြောင်းသွားတာကို ဒီနေ့ တွေ့ခဲ့ရတယ်” လို့ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂရီက ပြောပြပါတယ်။ “မြောက်ပိုင်းမှာ ဟားမတ်စ်တွေ ထိန်းချုပ်မှု ဆုံးရှုံး သွားလို့ တောင်ပိုင်းမှာ ပိုလုံခြုံတယ်လို့ နားလည်တဲ့အတွက် သူတို့ ထွက်ခွာသွားတာပါ။”
နိုဝင်ဘာ ၇ရက် အင်္ဂါနေ့မှာ လူပေါင်း ၁၅၀၀၀ လောက်အထိ စံချိန်တင် ထွက်ပြေးခဲ့ပြီး နိုဝင်ဘာ၆ရက် တနင်္လာနေ့မှာ ထွက် ပြေးတဲ့ လူ ၅၀၀၀ နဲ့ နိုဝင်ဘာ ၅ရက် တနင်္ဂနွေနေ့မှာ ထွက်ပြေးခဲ့တဲ့ လူ ၂၀၀၀ နဲ့စာရင် အခုအရေအတွက်က အရမ်း ကို များလွန်နေတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကနေ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: AFP/kg
ပုံစာ။ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ပါလက်စတိုင်များ
Feature Image Credit: Reuters/Mohammed Al-Masri)