ဂါဇာမြို့တော်ကနေ အရပ်သားအားလုံး ထွက်ခွာပေးကြဖို့ အစ္စရေးကတောင်းဆို

ဝါရှင်တန်၊ အောက်တိုဘာ ၁၃

ဂါဇာမြို့တော်မှာနေထိုင်နေကြတဲ့ အရပ်သားတွေအားလုံး ထွက်ခွါပေးကြဖို့ အစ္စရေးဘက်က ဒီနေ့ အောက်တိုဘာ ၁၃ရက် နေ့မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အစ္စရေးစစ်တပ်ဟာ မြေပြင်တိုက်ခိုက်မှုမတိုင်မီ  ဂါဇာကမ်းမြှောင်အနားမှာ တင့်ကားတွေကို စုဆောင်းနေပြီး ဂါဇာစီးတီး က အရပ်သား ၁ သန်းကျော် အားလုံးကို ၂၄ နာရီအတွင်း ရွှေ့ပြောင်းကြဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါ တယ်။

“အခုအချိန်ဟာ စစ်ပွဲအတွက်အချိန်ဖြစ်တယ်” လို့ ကာကွယ်ရေးဝန်ကြီး  ယူအို့ ဂါးလန့်က အစ္စရေးသမိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ မိမိတို့ပြည်သူတွေအပေါ် အသေအပျောက်အများဆုံးတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး စစ်လေယာဉ်တွေက  ဂါဇာကမ်းမြောင်ကို ဆက်လက်တိုက်ခိုက်နေပါတယ်လို့ အောက်တိုဘာ ၁၂ရက် ကြာသ ပတေးနေ့က ပြောဆိုခဲ့ပါတယ်။

လာမည့်ရက်တွေမှာတော့  ဂါဇာမြို့တော်ကို  သိသိသာသာ စစ်ဆင်ရေးလုပ်တော့မယ်လို့  အစ္စရေးစစ်တပ်က ပြောကြား အပြီး အရပ်သား‌တွေကို ထွက်ခွာခိုင်းနေတာပါ။ အရပ်သားတွေ ပြန်လာဖို့ကတော့ နောက်ထပ် ကြေငြာချက်တစ်ခု ထပ် မထုတ် ခင် ပြန်လာလို့ မရနိုင်ဘူးလို့သိရပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေကို မပျက်စီးစေဖို့  အခု့လို လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ် ယူဆ ရပါတယ်လို့  ကုလသမဂ္ဂက မှတ်ချက်ပေးပါတယ်။

ကုလသမဂ္ဂဘက်ကတော့  အစ္စရေးရဲ့  တောင်းဆိုသတိပေးချက်ကို ရုပ်သိမ်းဖို့  ပြင်းပြင်းထန်ထန် မေတ္တာရပ်ခံပါတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က  ထုတ်ပြန်ချက်တစ်ခုနဲ့  တောင်းဆိုထားပါတယ်။

ဟားမတ်စ် ဘက်က ပြောခွင့်ရှိသူ အရာရှိတစ်ယောက်ကတော့  အစ္စရေးရဲ့ ဂါဇာကမ်းမြောင်ဒေသ ဆိုင်ရာ သတိပေး ချက် ဟာ အတုအယောင်ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ ဆိုပြီး ဒါကို ပြည်သူတွေ မယုံကြဖို့ လည်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: Reuters/wk

ပုံစာ။ ဂါဇာကို ချီတက်နေတဲ့ အစ္စရေးတင့်ကားအုပ်စု

Feature Image Credit: REUTERS/Ronen Zvulun)

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *