
Photo: Reuters/Mohammed Fayq Abu Mostafa
ဂါဇာ၊ နိုဝင်ဘာ ၃
ဂါဇာမြို့ကို ဝိုင်းရံထားလိုင်ပါပြီလို့ အစ္စရေးက နိုဝင်ဘာ ၃ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။
အမေရိကန် ထိပ်တန်း သံတမန် အန်တိုနီ ဘလင်ကန်ကတော့ အရပ်သားတွေကို ပိုပြီး အထိခိုက်နည်းအောင် ကာကွယ်ဖို့ အစ္စရေးကို ဖိအားပေးမှာ ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကတော့ “ကျွန်တော်တို့ဟာ ဂါဇာမြို့တော်ရဲ့ ဆင်ခြေဖုံးတွေထဲအထိကို ချီတက်နေ ပါ တယ်” လို့ပြောပါတယ်။
ဂါဇာမြို့ မြောက်ဘက်က ဂျာဘလီယာ ဒုက္ခသည်စခန်းကို အစ္စရေးက အကြိမ်ကြိမ် တိုက်ခိုက်မှုအပြီးမှာတော့ လူအများ အပြား သေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေဆဲလည်း ဖြစ်ပါတယ်။
အမေရိကန်ကတော့ အရပ်သားသေဆုံးမှုအနည်းဆုံးဖြစ်အောင် ခြေလှမ်းတွေကို သတိထားဖို့ တိုက်တွန်းခဲ့ပြီးနောက်မှာ တော့ အစ္စရေးမြေပြင်တပ်တွေဟာ ဟားမတ်စ်အမာခံနယ်မြေ ဂါဇာမြို့ကို သောကြာနေ့ နိုဝင်ဘာ ၃ ရက် သောကြာနေ့မှာ ဝိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။
အစ္စရေးတပ်တွေဟာ နာကျင်စရာဆုံးရှုံးမှုတွေကြားကပဲ ရှေ့ကို ချီတက်နေတာနဲ့ ပတ်သက်ပြီး စစ်သားတွေကို ဝန်ကြီး ချုပ် နေတန်ရာဟုက ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ စစ်ဆင်ရေးရဲ့အလယ်မှာ ရှိနေပါပြီ။ ကျွန်တော်တို့မှာ အလွန်အထင်ကြီးစရာကောင်းတဲ့ အောင်မြင်မှုတွေ ရှိပါတယ်” လို့လည်း တဲလ်အဗစ်မြို့နားက စစ်အခြေစိုက်စခန်းတစ်ခုမှာ သူက ပြောခဲ့ ပြန်ပါတယ်။
ဂါဇာစီးတီးက Al-Quds ဆေးရုံအပြင်ဘက်မှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ခိုလှုံနေရတဲ့ သူတွေ အနေနဲ့ ကြာကြာခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူးလို့ AFP က ဖော်ပြပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့တစ်ခု ဖြစ်တဲ့ အက်ဇီဒိုင်း အယ်လ်ကတ်ဆန် ဘရစ်ချ် ကတော့ ကျူးကျော်ဝင် ရောက်လာတဲ့ အစ္စရေးစစ်သားတွေဟာ အိတ်မည်းတွေနဲ့သာ အိမ်ပြန်သွားစေရမယ်လို့ အခိုင်အမာပြောဆိုခဲ့ ကြောင်း လည်း သိရပါတယ်။
Ref: AFP/rc
ပုံစာ။ ဂါဇာကို ချီတက်နေတဲ့ အစ္စရေး တင့်ကာများ
Feature Image Credit: NBC NEWS