ဝါရှင်တန်၊ အောက်တိုဘာ ၁၈
အစ္စရေးနဲ့ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေ ထိပ်တိုက်တွေနေတဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသား ချင်း စာနာ ထောက်ထားမှုအကူအညီတွေ ဝင်ခွင့်ပြုဖို့အတွက် တိုက်ခိုက်မှုတွေ နှစ်ဘက် ရပ်ထားပေးဖို့ ကုလသမ ဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက အောက်တိုဘာ ၁၈ ရက်မှာ ဗီတိုအာဏာ သုံး ပြီး ပယ်ချ ပစ်လိုက်တယ်လို့ သိရပါတယ်။
ဒီလို ဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အဖွဲဝင် ၁၅ဦးပါ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ ဗြိတိန်တို့က ကြားနေခဲ့ပြီး အမေရိကန် ကတော့ ဗီတိုအာဏာနဲ့ ပယ်ချပစ်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်မတို့ဟာ သံတမန်ရေးအရ ကြိုးကြိုးစားစား လုပ်ဆောင်နေပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိ ကန် သံအမတ် ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က မဲခွဲဆုံးဖြတ် အပြီးမှာ အဖွဲ့ဝင် ၁၅ယောက်ပါတဲ့ ကောင်စီကို ပြောဆိုခဲ့ပါတယ်။
“ဟုတ်ပါတယ်၊ ဆုံးဖြတ်ချက်တွေက အရေးကြီးတယ်။ ဒီကောင်စီက ထုတ်ပြောရမယ်။ ဒါပေမယ့် ကျွန်မတို့ လုပ်ဆောင် မှုတွေဟာ မြေပြင်က အချက်အလက်တွေနဲ့ တိုက်ရိုက် သံတမန်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံ ရမယ်။ အဲဒါကသာ လူ တွေကို ကယ်တင်နိုင်တယ်။ ကောင်စီက ဒါကို ရဖို့လိုတယ်၊” ဆိုပြီး လင်ဒါက ပြောပါတယ်။
ပုံမှန်ကလည်း ဝါရှင်တန်ဟာ အစဉ်အလာအရ အမြဲတမ်း သူ့ရဲ့ မဟာမိတ် အစ္စရေးကို လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင် ချက်မှန်သမျှကို အကာအကွယ်ပေးခဲ့ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ရုရှားက ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ကလည်း မအောင်မြင်ခဲ့ပါဘူး။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ ဂါဇာကမ်းမြောင်ဒေသကို ဖမ်းဆီး သွားတဲ့ ဓားစာခံတွေ လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ အရေး လူသားချင်း စာနာ မှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ဖို့ကို အောက်တိုဘာ ၁၈ရက် ဗုဒ္ဓဟူးနေ့ မှာပဲ တောင်းဆိုလိုက်တယ် လို့ သိရပါတယ်။
Ref: Reuters/cm
ပုံစာ။ ၂၀၂၃၊ အောက်တိုဘာ ၁၆ က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး မြင်ကွင်း
Feature Image Credit: REUTERS/Andrew Kelly