ဂါဇာဒေသက အယ် ရှီဖာဆေးရုံ တစ်စိတ်တစ်ပိုင်းကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တင့်ကားတွေနဲ့ စပြီး တိုက်ခိုက်

ဂါဇာ၊ နိုဝင်ဘာ ၁၆

ဟားမတ်စ်ပါလက်စတိုင်းတွေ ခိုလှုံနေတယ်လို့ ယူဆနေတဲ့  ဂါဇာဒေသက အကြီးဆုံးဆေးရုံ အယ် ရှီဖာ ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး တစ်ခု နိုဝင်ဘာ ၁၅ ရက် အစောပိုင်းမှာ အစ္စရေးက စတင်ခဲ့တယ်လို့ သိရပါတယ်။

လောင်စာဆီကုန်သွားလို့  လုပ်ငန်းလည်ပတ်မှုမရှိတော့တဲ့ အယ် ရှိဖာ ဆေးရုံရဲ့ အခြေအနေတွေဟာ အခုရက်ပိုင်းထဲ ပြင်း ထန် တဲ့တိုက်ပွဲတွေကြားမှာ လျင်လျင်မြန်မြန်စွာဆိုးရွားလာခဲ့ပြီး အတွင်းလူနာတွေ၊ ဝန်ထမ်းတွေ ကပ်ဘေး ဆိုက်ခဲ့ရတယ် လို့  တာဝန်ကျ ဆရာဝန်တွေကပြောပါတယ်။

အွန်လိုင်းမှာ လွှင့်တင်ထားတဲ့  ကြေညာချက်တစ်ခုမှာတော့  အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ ရှီဖာဆေးရုံက သတ် မှတ် ထားတဲ့  ဧရိယာတစ်ခုမှာ  ဟားမတ်စ်တွေကို တိကျတဲ့ ပစ်မှတ်ထားတဲ့  စစ်ဆင် ရေးတစ်ရပ် စတင်နေပြီလို့ ပြောပါ တယ်။

ပါလက်စတိုင်းသတင်းအေဂျင်စီ Wafa က သတင်းထောက် ခါဒါ အယ် ဇာနောင် ကတော့ ဆေးရုံကို အပြင်း အထန်တိုက် နေတဲ့  ပုံတွေကို CNN ဆီပို့ထားတယ်လို့ ဆိုပါတယ်။

ဆေးရုံအနီးတစ်ဝိုက်နေရာတွေမှာ  ဒုံးကျဉ်တွေ  အမြောက်ကျည်တွေပစ်ပြီး  အယ် ရှီဖာ ဆေးရုံကို လေးဘက် ထောင့်ကနေ  ဝိုင်းထားတယ်လို့ သိရပါတယ်။

တင့်ကား၊ သံချပ်ကာယာဉ်၊ တပ်သားတင်သင်္ဘောတွေသာမက  ဘူဒိုဇာတွေ အပါအဝင် စစ်ကား အမြောက် အများနဲ့ စစ်သည် အများအပြားဟာ ဆေးရုံကိုစပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ အစ္စရေး တင့်ကားတပ်ဖွဲ့တစ်ခုကို တွေ့ရပုံ

Feature Image Credit Tsafrir Abayov / The Associated Press

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *