ဂါဇာ၊ နိုဝင်ဘာ ၁၅
ဂါဇာကမ်းမြှောင်ရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ် ရှီဖာ ကို အစ္စရေးတပ်တွေ ဝင်စီးပြီးတဲ့နောက် ပါလက်စတိုင်း ဟား မတ်စ် စစ်သွေးကြွတွေ လက်နက်ချဖို့ နိုဝင်ဘာ ၁၅ရက် ဗုဒ္ဓဟူးနေ့ က တိုက်တွန်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီမထိုးခင် ရှိဖာ ဆေးရုံကို အစ္စရေးတပ်တွေ ဝင်စီးမယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက နယ်မြေအတွင်းက သက်ဆိုင်ရာ အရာရှိတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒိနောက်တော့ ဂါဇာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံရဲ့ အနောက်ဘက်ခြမ်းကို အစ္စရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မူနီယာ အယ်လ်-ဘာ့ရှ် က Al Jazeera ရုပ်မြင် သံကြားကို ပြောပါတယ်။ “ကျွန်တော်တို့ ရောက်နေတဲ့ နေရာတွေကို ကြီးမားတဲ့ ပေါက်ကွဲမှုတွေနဲ့ ဖုန်မှုန့်တွေ ဝင်လာခဲ့ ပါတယ်။ ဆေးရုံထဲမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” လို့ ဒေါက်တာ မူနီယာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။။
ဂါဇာကို အစ္စရေးက ငါးပတ်ကြာ တိုက်ခိုက်ပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတွေနဲ့ အတူ အယ် ရှိဖာရဲ့ ကံကြမ္မာက ပိုဆိုးရွားလာလို့ နိုင်ငံတကာရဲ့ အာရုံစူးစိုက် မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)ရဲ့ ထုတ်ပြန်ချက်မှာတော့ “ထောက်လှမ်းရေးအချက်အလက်နဲ့ စစ်ဆင် ရေးဆိုင်ရာ လိုအပ်ချက်တွေကို အခြေခံပြီး ရှီဖာဆေးရုံရဲ့ သတ်မှတ် ဧရိယာတစ်ခုမှာ ဟားမတ်စ်တွေကို တိကျတဲ့ ပစ်မှတ်ထားပြီး စစ်ဆင်ရေးတစ်ရပ် လုပ်နေပါတယ်။”
“IDF တပ်ဖွဲ့တွေမှာ အရပ်သားတွေကို ထိခိုက်မှု မရှိစေရဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီရှုပ်ထွေးပြီး ထိလွယ်ရှလွယ် ပတ်ဝန်း ကျင် အတွက် သတ်မှတ်ထားတဲ့ လေ့ကျင့်မှု ခံယူထားတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ အာရပ်စကားပြောသူတွေ ပါပါတယ်။” လို့ လည်း ပြောပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတာ လာနာ က ဆေးရုံနဲ့ ခြံဝင်းက ဟားမတ်စ်ကို ရှင်းဖို့အတွက် “သူတို့ရဲ့ စစ်ဆင်ရေး ဗဟိုအချက်အချာဖြစ်ပြီး ဗဟိုချက်ဖြစ်တယ်” လို့ CNN ကို ရှင်းပြပါတယ်။
အလားတူပဲ အစ္စရေးရဲ့ ကောက်ချက်ချမှုကို အမေရိကန်ထောက်လှမ်းရေးကလည်း ထောက်ခံတဲ့အကြောင်း နိုဝင်ဘာ ၁၄ရက်မှာ အမေရိကန်ဘက်က ပြောလာပါတယ်။
ဆေးရုံကို အစ္စရေးက ဝင်ရောက်စီးနင်းဖို့ အမေရိကန်ရဲ့ ကြေညာချက်က မီးစိမ်းပြလိုက်ပြီလို့ ဟားမတ်စ်က နိုဝင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အစ္စရေးနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တိုဟာ ဒီ စစ်ဆင်ရေးအတွက် အပြည့်အဝ တာ ဝန်ရှိတယ် လို့လည်း ဟားမတ်စ်တွေဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။
Ref: Reuters/lk
ပုံစာ။ အယ်လ်ရှီဖာဆေးရုံကို ဂြိုလ်တုက ရိုက်ကူးထားပုံ( နို၀င်ဘာ ၁၁၊ ၂၀၂၃ )
Feature Image Credit: Maxar Technologies/Handout via Reuters)