ဆရာဝန်တွေကတော့ လောင်စာဆီပြတ်လပ်တာဟာ သေဒဏ်ချခံရတာပဲလို့ဆို
ဂါဇာ၊ အောက်တိုဘာ ၂၄
ဂါဇာကို တိုက်ခိုက်ခံရမှုကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ ထဲမှာ အနည်းဆုံး ကလေး ၂၀၀၀ သေဆုံးခဲ့ရပြီလို့ ကူညီ ကယ်ဆယ်ရေးအေဂျင်စီတစ်ခုရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
ဒါ့အပြင် အစ္စရေးက လောင်စာဆီလမ်းကြောင်းကို ပိတ်ဆို့ထားတာကြောင့် ထိခိုက်လွယ်တဲ့ ကလေးငယ်တွေနဲ့ ဆေးရုံ တင်ထားရတဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ မကြာခင်မှာပဲ သေဆုံးတော့မယ်လို့ ဆရာဝန်တွေက သတိပေး လိုက်တာမို့ အကူအညီပေးရေးအေဂျင်စီတွေက ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။
အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသကို ဝေဟင်၊ မြေပြင်နဲ့ ပင်လယ်ရေကြောင်းတွေကနေ ဂါဇာကို ထိန်းချုပ် ထားတဲ့ ဟားမတ်စ်အဖွဲ့ကို ဘက်စုံစစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အကြောင်း အစ္စရေးကာ ကွယ်ရေး ဝန်ကြီး ယိုးအက် ဂါးလန့်က အောက်တိုဘာ ၂၃ရက် တနင်္လာနေမှာပြောဆို အပြီး အစ္စရေးဟာ သူတို့ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ် ဆောင်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က စပြီး ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲ သောင်းကျန်းမှုတွေကြောင့် အစ္စရေး ၁၄၀၀ သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံအနေနဲ့ ဖမ်းဆီးသွားတဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ အစ္စရေး ခေါင်းဆောင်တွေက ကတိပြုထားတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၂၃ရက် တနင်္လာနေ့မှာတော့ ဟားမတ်စ်တို့ဟာ ဂါဇာကမ်းမြောင်ကို ပြန်ပေးဆွဲခေါ်ဆောင်သွား သူတွေကို လွှတ်ပေးဖို့ နိုင်ငံတကာဖိအားတွေ တိုးလာနေချိန်မှာပဲ အစ္စရေးနိုင်ငံသားနှစ်ဦး လွတ်မြောက်လာ ခဲ့ ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးနား ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ကာ နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဗလီတွေကို ဖြိုခွင်းခံခဲ့ရပါတယ်။
ဂါဇာမှာ ကလေး တစ်သန်းကျော်ဟာ မလုံခြုံတဲ့ နေရာတွေမှာ ပိတ်မိနေတယ်လို့လည်း Save the Children အဖွဲ က ပြောနေပြီး နယ်မြေထဲမှာ အရေးကြီးတဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံတွေကို စွမ်းအင်ပေးဖို့ လောင်စာ တွေ ပြတ် တောက်နေပြီး ဆေးဝါးတွေလည်း ပြတ်တောက်တော့မယ်လို့ သိရပါတယ်။
REF: CNN
ပုံစာ။ အောက်တိုဘာ ၂၃ရက် ဂါဇာ မြင်ကွင်း
Feature Image Credit: Mohammed Zaanoun/Middle East Images/AFP/Getty Image