ဂါဇာစစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းမှာ ပထမဆုံးအကြိမ် အမေရိကန်တပ်ဖွဲ့ဝင်တွေ ကျဆုံး

ဇန်နဝါရီ ၂၈၊ ဝါရှင်တန်

ဂါဇာစစ်ပွဲစတင်ချိန်ကစလို့ အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေ ဇန်နဝါရီလ ၂၈ ရက်က အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးပြီး တပ်ဖွဲ့ဝင် ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဂျော်ဒန်နိုင်ငံက  ကင်းစခန်းတစ်ခုမှာ တနင်္ဂနွေနေ့က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့်သေဆုံး၊ ဒဏ်ရာရခဲ့ တာဖြစ်ပါတယ်။ ဒီလို ကျဆုံးမှုဟာ ဂါဇာ စစ်ပွဲနဲ့ ဆက်နွယ်ပြီးအရှေ့အလယ်ပိုင်းမှာ  ပထမ ဆုံး အကြိမ် ကျဆုံးမှုလည်း ဖြစ်ပါတယ်။။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေကို အပြစ်တင်ခဲ့ပြီး တိုက်ခိုက်တဲ့ အဖွဲက အပြည့်အဝ တာဝန်ယူရလိမ့်မယ်လို့လည်း ပြောပါတယ်။

ခုကာလထဲမှာလည်း     ဂါဇာက ကုလသမဂ္ဂအေဂျင်စီထဲက အဖွဲဝင်တစ်ချို့ အစ္စရေးနိုင်ငံအပေါ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုမှာ  ပါဝင်ပတ်သက်နေတယ် ဆိုတဲ့  စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ထောက်ပံ့မှုတွေ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကလည်း ရှိနေပြန်ပါတယ်။

 လက်ရှိမှာလည်း  ဂါဇာ တောင်ပိုင်း ခန်းယူနွတ်မြို့က  ဆေးရုံအနီးအနားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ  လျော့နည်းလာပြီး  အစ္စရေးတပ်ဖွဲ့တွေက ဝိုင်းရံထားတယ်လို့ အကူအညီ ပေး ရေးအဖွဲ့တစ်ဖွဲ့တွေက  အခိုင်အမာပြောဆိုနေတယ်လို့သိရပါတယ်။

Ref: CNN

ပုံစာ။ ဟူသီ သူပုန်တပ်ဖွဲ့ကို တွေ့ရပုံ

Feature Image Credit: The Intercept

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *