ဂါဇာစစ်ပွဲကြားထဲကပဲ ပါလက်စတိုင်းတွေ ရမ်ဇာန်လအတွက် ပြင်ဆင်နေ

ဂျေရုစလင်၊ မတ် ၁၁

 အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားအပြီး စစ်ပွဲတွေနဲ့ ငတ်မွတ်မှုတွေ လွှမ်းမိုးနေတဲ့ ဂါဇာမှာ ပါလက်စတိုင်းတွေဟာ ရမ်ဇာန်လအတွက်  ပြင်ဆင်နေကြပါပြီလို့ သိရပါတယ်။

အစ္စလမ်ဘာသာရဲ့ အမြင့်မြတ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဂျေရုစလင် မြို့ဟောင်းထဲက Al-Aqsa ဗလီဝင်းထဲမှာ နေ့စဉ် သောင်းနဲ့ချီတဲ့ ဝတ်ပြုသူ ထောင်ပေါင်းများစွာရှိနေပါတယ်။ အနီးအနားက  ကျဉ်းမြောင်းတဲ့ လမ်းတွေမှာတော့ အစ္စရေးရဲတွေ ထောင်နဲ့ချီပြီး တပ်ဖြန့်ချထားတယ်လို့ ဒေကတွင်း ရင်းမြစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

Temple Mount လို့သိကြတဲ့ ဂျူးတွေရဲ့ အမြင့်မြတ်ဆုံးနေရာလို့ သတ်မှတ်ခံထားရတဲ့ ဧရိယာဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုဖြစ်တဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ၂၀၂၁ ခုနှစ် နောက်ဆုံးစစ်ပွဲရဲ့ အစပြုရာနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

အဆိုပါ ၁၀ရက်ကြာပဋိပက္ခဟာ အခုအချိန်မှာ အဲ့ဒိတုန်းကထက် ကြီးမားပြင်းထန်တဲ့ လက်ရှိစစ်ပွဲကြောင့် မှေးမှိန်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက  အစ္စရေးနိုင်ငံထဲကို ၂၀၂၃ အောက်တိုဘာ ၇ ရက်က အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့တယ်လို့ အစ္စရေးစာရင်းတွေအရ သိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ မရပ်မနား တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းတွေဟာ အငတ်ဘေး အန္တရာယ် တိုးလာနေသလို လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၃၁၀၀၀ ကျော်သွားပြီဖြစ်လို့  ကမ္ဘာတစ်ဝှမ်းက စောင့်ကြည့်နေကြပြီလည်း ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှာရှိတဲ့  မွတ်စလင်တွေအတွက် ရမ်ဇာန်သဝဏ်လွှာမှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ရစေဖို့ မတ် ၁၀ ရက်မှာ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ဥပုဒ်ဝင်ဖို့ ပြင်ဆင်နေကြတဲ့ဂါဇာက ပါလက်စတိုင်းများ

Feature Image Credit: Reuters/Ammar Awad

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *