ဂါဇာက ဒုက္ခသည်စခန်းကို အစ္စရေးက တိုက်ခိုက် အရေးကြီးတဲ့ ဟားမတ်စ်တပ်မှူး သေဆုံး

ဂါဇာ၊ နိုဝင်ဘာ ၁

အောက်တိုဘာ ၃၁ရက်နေ့က အစ္စရေး တိုက်လေယာဥ်တွေဟာ ဂါဇာက ဒုက္ခသည်စခန်းတစ်ခုကို ဗုံးကျဲ တိုက်ခိုက်အပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို စီစဉ်ပြီး  အစ္စရေးအရပ်သားတွေကို ကွပ်မျက်ရာမှာ တာဝန်ရှိသူ ဖြစ်သလို အရေး ကြီးတဲ့ ဟားမတ်စ်တပ်မှူး တစ်ယောက်လည်း ဖြစ်တဲ့ အီဘရာဟင် ဘိုင်အရီ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပါလက်စတိုင်း ၅၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဒုက္ခသည်စခန်းမှာ အစ္စရေးတွေပြောတဲ့ အကြီးတန်းတပ်မှူး မရှိကြောင်းကို ဟားမတ်စ်ဘက်က ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ  ပြည်ပသုံ့ပန်းတချို့ကို လာမည့်ရက်တွေမှာ  ပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်က ဖျန်ဖြေသူ တွေကို ပြောဆို လိုက်ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြှောင်က လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းက ပါလက်စတိုင်း အနည်းဆုံး ၅၀ နဲ့အတူ ဟားမတ်စ်တပ်မှူးတစ်ဦး သေဆုံးခဲ့ပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ အခြေခံရိက္ခာ ရှားပါးတဲ့ အဲဒိ နယ်မြေမှာ သေဆုံးဒဏ်ရာရသူများကို ဆေးဝါးကုသဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ထဲကို သံချပ်ကာ တပ်တွေ စေလွှတ်ပြီးနောက်ပိုင်း အစ္စရေး စစ်သားကိုးဦး သေဆုံးခဲ့တယ်လို့ လည်း အစ္စရေးက နိုဝင် ဘာ ၁ရက် ဗုဒ္ဓဟူး နေ့မှာ ပြောဆိုလိုက်ပါတယ်။

Ref: Reuters/fs/rc

ပုံစာ။ ဂါဇာ မြောက်ပိုင်းဒေသရဲ့ ဒီနေ့ အခြေအနေ

Feature Image credit: Reuters/Anas al-Shareef

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *