ဝါရှင်တန်၊ ဩဂုတ် ၁၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီတာဟာ ဟားမတ်စ်ခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်ခဲ့လို့ လက်တုံ့ပြန်နေတဲ့ အီရန်က အစ္စရေးကို တိုက်ခိုက်နေတာတွေ ရပ်တန့်သွားစေနိုင်တယ်လို့ အင်္ဂါနေ့ (သြဂုတ် ၁၃ ရက်) မှာ ပြောဆိုလိုက်ပါတယ်။
အီရန်သမ္မတ မာဆွတ် ပါဇက်ရှိယန် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ဖို့ တီဟီရန်မြို့ကို ဇူလိုင် ၃၁ ရက်က အလည်အပတ်လာရောက်နေတုန်း အစ္စမေးလ် ဟာနီယက် အသတ်ခံရပါတယ်။ ဒီအဖြစ်အပျက်အတွက် အီရန်က အစ္စရေးကို လက်တုန့်ပြန့် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ဘနွန်က အင်အားကြီး အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ဟစ်ဇဘိုလာ အကြီးတန်း တပ်မှူးတစ်ဦး သေဆုံးပြီး နာရီပိုင်းအကြာမှာပဲ အဆိုပါသေဆုံးမှုကို အီရန်က လက်စားချေဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးက အီရန်၏တိုက်ခိုက်မှုကို တွန်းလှန်နိုင်မလားလို့ နယူးအော်လန်က သတင်းထောက်တွေက သမ္မတ ဂျိုး ဘိုင်ဒန်ကို မေးရာမှာ “ဒါက ကျွန်တော့်ရဲ့မျှော်လင့်ချက်ပဲ” လို့ ပြန်ဖြေခဲ့တဲ့ အကြောင်း သိရပါတယ်။
Ref: AFP
ပုံစာ။ လေကြောင်း တိုက်ခိုက်ခံရတဲ့ ဂါဇာရဲ့ မြင်ကွင်း
Feature Image Credit: UN



