ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ၀န်ကြီးချုပ် ပယ်ချ

ဂျေရူစလင်၊ အောက်တိုဘာ ၃၀

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟု က ဟားမတ်စ်နဲ့ စစ်ပွဲကို အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ အောက် တိုဘာ ၃၀ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကူအညီတွေ လုံ လောက်အောင် ဝင်မလာနိုင်သေးတဲ့ အကြောင်းလည်း မပြတ်ပြောဆို သတိပေးနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲမှာ အစ္စရေးမြေပြင်တပ်ဖွဲ့ဝင်တွေဟာ အစ္စရေးသမိုင်းမှာ အသေအပျောက်အများဆုံး ဖြစ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် ဟားမတ်စ်တွေကို လေကြောင်းကနေ  ထိုးစစ် ဆင်တိုက် ခိုက် နေတာက ဒီနေ့အထိ ဖြစ်ပါတယ်။

စစ်ဆင်ရေး ပြင်းထန်လာတာ ကြောင့် ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၂ဒဿမ၄သန်း အတွက် စိုးရိမ်မှုတွေ သိသိသာ သာ မြင့်တက်လာခဲ့ပြီး ဟားမတ်စ် တို့ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနဘက်ကလည်း  လူပေါင်း ၈၃၀၀ ကျော် သေဆုံးခဲ့ပြီလို့ လည်း ထုတ်ပြန်ပြောဆိုနေပါတယ်။

အပစ်အခတ်ရပ်စဲရေးဆိုတာက လူပေါင်း ၁၄၀၀ ကို သတ်ဖြတ်ပြီး  ဓားစာခံ ၂၃၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ ဟားမတ်စ်တွေကို အညံ့ခံရာ ရောက်တယ်လို့ သူ့သဘောထားကို  နေတန်ယာဟုက အခုလို ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာတွေဟာ ဟားမတ်စ်ကို လက်နက်ချဖို့၊ အကြမ်းဖက်ဝါဒကို လက်နက်ချဖို့ အစ္စရေးကို တောင်းဆိုနေတာပါ… ဒါက ဖြစ်မလာနိုင်ဘူး” “အစ္စရေးက ဒီတိုက်ပွဲ မပြီးမချင်း တိုက်ပွဲဝင်ဖို့ ကတိပြုပါတယ်” လို့ ဆိုပါ တယ်။

အလားတူ အပစ်အခတ်ရပ်စဲရေးကို အစ္စရေး မဟာမိတ် အမေရိကန်ကလည်း ကန့်ကွက်ထားပါတယ်။

“အပစ်အခတ်ရပ်စဲရေးဟာ မှန်ကန်တဲ့အဖြေဖြစ်တယ်လို့ ကျွန်တော်တို့ မယုံကြည်ပါဘူး”  ဆိုပြီး အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီရဲ့  ပြောရေးဆိုခွင့်ရှိသူ  ဂျွန် ကာဘီ ကလည်း သဘောတား တုတ်ပြန် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: AFP/rc

ပုံစာအောက်တိုဘာ ၂၈ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု

Feature Image Credit: ABIR SULTAN

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *