
Photo Credit: REUTERS/Mohammed Salem
ဂျေရူစလင်၊ အောက်တိုဘာ ၁၀
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ၉ရက် တနင်္လာနေ့ကစပြီး ဂါဇာကမ်းမြောင်ဒေသကို ထိုးဖောက် ဝင်ရောက်မှုအသစ်တွေ မရှိတော့တဲ့အပြင် ဂါဇာကမ်းမြောင်နယ်စပ်ကိုလည်း ပြန်လည်ထိန်းချုပ် ထားလိုက်နိုင်ပြီလို ပြော ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့က နှစ်ရက်တိုင်တိုင် နေ့ရောညပါ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်တာဝန်ရှိသူကလည်း “ကျနော်တို့ဟာ အမြဲတမ်းတပ်ဖွဲဝင်တွေအပြင် အရန်တပ်သား ၃၀၀,၀၀၀ ကို ပါဆင့်ခေါပြီး မကြုံစဘူး ထိုးစစ်ဆင်နေပါ တယ်” လို့ ပြောပါတယ်။
တိုက်ပွဲ ထဲမှာတော့ သေဆုံးသူဦးရေက တိုးလာနေတယ်လို့ သိရပါတယ်။
ဟားမတ်စ် ဘက်ကတော့ ဓားစာခံတွေကို အကုန် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။
ပါလက်စတိုင်းအရပ်သားအိမ်တစ်လုံးကို အစ္စရေးက ဗုံးခွဲတိုင်း အစ္စရေးသုံ့ပန်းတစ်ဦးကို သတ်ပစ်မယ်လို့ ဟားမတ်စ်က ပြောပါတယ်။
လူပေါင်း ၁၅၀၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတဲ့ တိုက်ခိုက်မှု ဖြစ်စဥ်ကာလတွေမှာပဲ အစ္စရေးကို ထောက်ခံတဲ့ နိုင်ငံတကာ ကြေညာချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အစ္စရေးရုပ်သံလိုင်းတွေက ဟားမတ်စ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ အစ္စရေးနိုင်ငံသား အရေအတွက် မြင့်တက်လာ ခဲ့ပြီး အနည်းဆုံး ဒဏ်ရာရရှိသူ ၂၆၀၀ နဲ့ ဒါဇင်များစွာကို ဖမ်းဆီးထားတယ် လို့ အစ္စရေးရုပ် သံလိုင်း တွေက ကြေငြာပါ တယ် ။ အစ္စရေးဘက်ကသေဆုံးသူတွေထဲမှာ ဓားစာခံတချို့ အပါအဝင် သဲကန္တာရ ထဲမှာ ကျင်းပနေတဲ့ဂီတပွဲတော်တစ်ခုမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ လူငယ်တွေကအများစု လို့ သိရပါတယ်။
Ref: Reuters/gs
ပုံစာ။ ဂါဇာနယ်စပ်လိုင်းမှာ တိုက်ပွဲဝင်နေတဲ့ အစ္စရေး စစ်သားတချို့ အောက်တိုဘာ ၉ရက်က တွေ့ရပုံ
Feature Image Credit: REUTERS/Amir Cohen